( 🎥 )The Anfield Road တည်ဆောက်မှု အတွင်းပိုင်းနဲ့ အပြင်ပိုင်း နောက်ဆုံးရ ယူကျု့ ဗီဒီယိုများ

အန်ဖီးကွင်းရဲ့ The Anfield Road ပွဲကြည့်စင် တိုးချဲ့နေမှုဟာ အတော်လေး အရှိန်ရနေပြီဖြစ်ပါတယ်။ ဒီတိုးချဲ့မှုဟာ နောက်ရာသီကျရင် အပြီးသတ်ပြီး ဖြစ်နေပါလိမ့်မယ်။

ပရိသတ်ဝင်ဆံ့မှု ၆၀၀၀၀ ဝန်းကျင်ထိ ရောက်သွားနိုင်ပြီး တည်ဆောက်မှု မပြီးသေးသမျှ ခုံဘယ်လောက်ဖြစ်လာမလဲ အသေးစိတ် မသိနိုင်သေးပါဘူး။ ကင်နီဒဲလ်ဂလစ်ချ် ပွဲကြည့်စင်ဘက်မှာ အချို့နေရာတွေကို ဖြိုချပြီး အသစ် ပြန်အစားထိုးနိုင်တယ်လို့ သတင်းထွက်ထားပါတယ်။

အခုဖော်ပြမှာကတော့ နောက်ဆုံး မြင်ထားရတဲ့ တည်ဆောက်မှု အခြေအနေဖြစ်ပါတယ်။ ဒီဗီဒီယိုတွေဟာ ယူကျူ့မှာ ရှာရလွယ်ပါတယ်။ လီဗာပူးမြို့က အသင်းပရိသတ်တွေ အပတ်တိုင်း ရိုက်တင်ပေးနေတာဖြစ်ပြီး အဲ့သည်ထဲက အကောင်းဆုံးဆိုတဲ့ ဗီဒီယိုတွေကို ပြန်ရှယ်ပေးပါမယ်။

ဒီပထမဆုံး ဖော်ပြမယ့် ဒရုန်းသမားကတော့ ရိုက်ချက် အကောင်းဆုံးပါပဲ။ သူက အမြဲတမ်း The Anfield Road ပွဲကြည့်စင် တစ်ခုလုံးကို ပတ်ပတ်လည် မြင်ကွင်းအကောင်းဆုံး၊ အသေးစိတ်အကျဆုံး ဖော်ပြတတ်သူပါ။ ဗီဒီယို တစ်ခုကို မိနစ် ၂၀ ကျော်ကြာတတ်ပြီး ၁ ပတ်မှ ၁ ပိုင်းလောက် တင်လေ့ရှိတာမို့ သူ့ဗီဒီယိုတွေ တက်လာတိုင်း ကွင်းမြင်ကွင်းက အရမ်းကို ကွာခြားသွားပါတယ်။

ဒီ ဒုတိယ ဗီဒီယိုက လီဗာပူးမြို့သား တစ်ယောက် ရိုက်တာပါ။ အန်ဖီးကွင်း တိုးချဲ့မှု ဗီဒီယိုတွေ ရိုက်ကူးသူတွေထဲမှာ အစောဆုံး ပုဂ္ဂိုလ်ဖြစ်တာမို့ လူကြည့်များပါတယ်။ သူကတော့ အပြင်ပိုင်းတင် မဟုတ်ဘဲ ဆောက်လုပ်ရေးသမားတွေနဲ့ ညိနှိုင်းပြီး ကွင်းတွင်းပိုင်းတွေပါ ပြလေ့ရှိပါတယ်။ အခုဗီဒီယိုကတော့ အတွင်းပိုင်းပဲ ဖြစ်ပါတယ်။

မကြာခင်မှာတော့ အသင်းဟာ LFC Store မျက်နှာခြင်းဆိုင်မှာ စားသောက်ဆိုင်နဲ့ စျေးဆိုင်တွေပါတဲ့ အဆောက်အဦး တစ်ခု ထပ်ဆောက်ဖို့ ရှိပါတယ်။ ရေရှည်မှာတော့ ဒီတည်ဆောက်မှုတွေဟာ လီဗာပူးအသင်းကို ဘဏ္ဍာရေးအရ ကြီးကြီးမားမား ထောက်ပံ့မှု ပေးပါလိမ့်မယ်။