NEWS: ပဲလေစ့် ကွင်းလယ်လူနဲ့ သူရမ်တို့အတွက် လီဗာပူးဘက်က အရှိန်မြှင့် အားထုတ်လာ။

လီဗာပူးအသင်းဟာ ကိုင်ဆီဒို၊ လာဗီယာတို့ကို ခေါ်ယူရေး မအောင်မြင်ခဲ့ပေမယ့် မနှစ်က အာသာတုန်းကလို စျေးကွက်မှာ ကရူးမူးထိုး လုပ်ဆောင်ဖို့ထက် တည်တည်ငြိမ်ငြိမ်ဖြင့် လူသစ် စုဆောင်းနိုင်ရေး ကြိုးစားနေကြောင်း သိထားရတယ်။

သတင်းထောက် Miguel Delaney ကတော့ လီဗာပူးအသင်းဟာ ပဲလေစ့် ကွင်းလယ်လူ ဒူကူရေးကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လာနေပြီလို့ ဖော်ပြပါတယ်။ ၎င်းဟာ မနှစ်ကမှ ပြင်သစ်ကနေ ပဲလေစ့်ထံ ပေါင် ၂၁ သန်းဖြင့် ပြောင်းလာခဲ့သူပါ။

နည်းပြကလော့ပ်ဟာ သူ့ရဲ့ လူစာရင်းအတွက် နံပါတ် ၆ သမား တစ်ဦးဖြင့် အားဖြည့်လိုနေပါတယ်။ လီဗာပူးဘက်က လျာထားကစားသမားတွေထဲကနေ ရှာဖွေနေပြီး ဒူကူရေးဟာ လာဗီယာ၊ ကိုင်ဆီဒိုတို့ထက် ပြောင်းရွှေ့ကြေး ပိုသက်သာမှာပါ။

ပဲလေစ့်ဘက်က ဒီနွေမှာ ကစားသမား အများအပြားကို ထွက်ခွင့်ပေးနေရပေမယ့် ဒူကူရေးအတွက် ပေါင် သန်း ၅၀ အောက်ဖြင့် အဆုံးအဖြတ်စျေး ဖြစ်လာဖွယ် ရှိပါတယ်။

မာလီကွင်းလယ်လူ ကိုယ်တိုင်က အန်ဖီးထံ ပြောင်းဖို့ကို စိတ်အားထက်သန်နေတာမို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုယူဖို့ရာ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး။ လီဗာပူးဘက်က ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာနဲ့ ပြင်သစ်လိဂ်မှ သူရမ်တို့ကိုလည်း အခြားသော ရွေးချယ်စရာအဖြစ် မြင်ထားပါတယ်။

သတင်းထောက် Neil Jones ကလည်း လီဗာပူးအသင်းဟာ သူရမ်နဲ့ ပတ်သက်လို့ လုပ်ဆောင်ဖို့ လိုအပ်တဲ့ နောက်ကွယ်က ကိစ္စတွေ အများကြီးကိုလည်း လုပ်ထားပြီးပြီလို့ ဖော်ပြသွားပါတယ်။