ကွင်းလယ်လူ အန်ဒိုဟာ ဆေးစစ်မှု ခံယူဖို့ လီဗာပူးကို ရောက်နေပြီဖြစ်ပြီး ဒီကနေ့မှာပဲ တရားဝင် ကြေညာမှု ပြုလုပ်ဖွယ် ရှိပါတယ်။
ဂရာဗင်ဘက်ချ်ကို ခေါ်ယူလို့ ရနိုင်မလား အခြေအနေအတွက် ဒီအပတ်မှာ လီဗာပူးအသင်းက ဘိုင်ယန်မြူနစ်ထံ ချဉ်းကပ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘွန်ဒက်လီဂါကလပ်ကတော့ ကွင်းလယ်လူကို ရောင်းထုတ်လိုခြင်း မရှိပါဘူး။
ဒူကူရေကို လီဗာပူးအသင်းထံ လက်လွတ်ရလို့ ဖြစ်လာမယ့် စိတ်ပျက်စရာ အခြေအနေကို ရင်ဆိုင်ဖို့ ပဲလေစ့်ဘက်က အသင့်ပြင်ထားပါတယ်။
အန်ဒိုပြီးရင် လီဗာပူးတို့ စျေးကွက်ပိတ်ပြီလို့ မဆိုလိုဘဲ နောက်ထပ် ကစားသမား ထပ်ခေါ်နိုင်သေးကြောင်း အပြောင်းအရွှေ့ သတင်းထောက်တွေက ဆိုပါတယ်။
စနေနေ့ ဘုန်းမောက်ပွဲကို ကွင်းလယ်လူ ကာတစ်ဂျုံးနဲ့ ခံစစ်မှူး မာတစ်တို့ ပါဝင်ဖွယ် မရှိဘူးလို့ သိရပါတယ်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံး ကစားသမား ၁၀ ဦး စာရင်းမှာ မက်ကယ်လစ္စတာ ပါဝင်လာပါတယ်။
အငှားထွက်နေတဲ့ ညာအစွန်လူ ကယ်ဗင် ရမ်ဆေးဟာ ဒဏ်ရာ ပြန်ရတာကြောင့် ၂ လ ဝန်းကျင် အနားယူရဖွယ် ရှိပါတယ်။
စပို့တင်း အသင်းဟာ သူတို့အသင်း ခံစစ်သမား အန်နာဆီယိုကို ကာလရှည် စာချုပ်သစ် ပေးလိုက်ပြီဖြစ်ကာ ယူရို သန်း ၆၀ ပေးမှ ခေါ်ယူခွင့်ကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အက်ဆာမှာ “street” football ပုံစံ နေရာကျဉ်းကျဉ်းအတွင်း လေ့ကျင့်နိုင်တဲ့ နည်းစနစ် ဧရိယာတစ်ခုကို အသစ် ဖန်တီးထားပြီး “Melwood Arena” လို့ နာမည်ပေးထားပါတယ်။
လီဗာပူးကွင်း တိုးချဲ့တည်ဆောက်မှုကို တာဝန်ယူထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီဟာ သူတို့ ကုမ္ပဏီ အတွင်းရေးကိစ္စကြောင့် တည်ဆောက်မှုကို ရပ်နားထားဖွယ် ရှိပါတယ်။