အန်ဒိုရဲ့ work permit ကိစ္စ အချိန်လုနေတဲ့ လီဗာပူး၊ အသင်းရဲ့ ခံစစ်ပိုင်းကို ကူညီနိုင်မယ်လို့ အန်ဒို ဆို

လီဗာပူးအသင်းဟာ ကွင်းလယ်လူသစ် ဝါတာရူ အန်ဒိုကို ခေါ်ယူနိုင်ကြောင်း ကြေညာခဲ့ပြီး ဒီကနေ့ နေ့ခင်းပိုင်းအမှီ ပရီးမီးယားလိဂ် မှတ်ပုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။

ပရီးမီးယားလိဂ် စည်းမျဉ်းအရ ဒီနေ့ခင်း ၁၂ နာရီ (ဗြိတိန်စံတော်ချိန်) မတိုင်ခင် မှတ်ပုံတင်နိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူ့ရဲ့ အလုပ်ပါမစ်ကိစ္စ အမြန်ဆုံး အပြီးသတ်နိုင်မလားက ဒီအပတ် ဘုန်းမောက်ပွဲမှာ အန်ဒိုကို အသင်းလူစာရင်းထဲ ထည့်ရေးအတွက် သက်ရောက်မှု ရှိလာပါမယ်။

အချိန်မမှီခဲ့ဘူးဆိုရင် အန်ဒိုဟာ ဒီအပတ် အန်ဖီးကွင်းမှာ သူ့ရဲ့ ပွဲထွက်ကစားခွင့်ကို ရမှာ မဟုတ်ပါဘူး။ သို့ပေမယ့်လို့ စိန့်ဂျိမ်းပက်ခ်ထံ သွားပြီး နယူးကာဆယ်နဲ့ ရင်ဆိုင်ရမယ့် ပွဲကျရင်တော့ အဆင်သင့်ဖြစ်နေမှာပါ။

LFCTV အန်ဒိုကပဲ “ ကျနော်က နံပါတ် ၆ သမားပါ။ ခံစစ်သမား ပိုဆန်ပါတယ်။ ကလပ်ကို ခံစစ်ပိုင်းမှာ ကျနော် ကူညီပေးနိုင်ပါတယ်။ ကွင်းလယ်မှာလည်း ကောင်းမွန်တဲ့ စုဖွဲ့မှုဖြစ်အောင် ကျနော် စုစည်းနိုင်ပါတယ်။ ဒါက ကျနော် အလုပ်ပါ။

နည်းပြရဲ့ စနစ်မှာ ကျနော် အံဝင်မယ်လို့ ထင်ပါတယ်။ ခံစစ်သမားတွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေ ကျနော် လုပ်နိုင်ဖို့ ကြိုးစားပြီး ပြိုင်ဘက်တွေ ဘယ်မှာလဲဆိုတာ သိနိုင်ဖို့ ကျနော် အမြဲတမ်း အားထုတ်တယ်၊ သူတို့ကို အမိဖမ်းဖို့ ကြိုးစားလေ့ ရှိပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။