

အကယ်လို့ လီဗာပူးမိသားစုထဲက တစ်ဦးဦး ရုန်းကန်ရမှုတွေ ရှိနေပြီဆိုရင် ကျော်ဖြတ်နိုင်ဖို့က အတူတကွ ကြိုးစားကြဖို့ပါလို့ ကလော့ပ်က သတိပေးပါတယ်။
လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါမှ ဗဟိုခံစစ်မှူး အချို့ကို စောင့်ကြည့်နေပြီး လေဗာကူဆင် ခံစစ်သမား Piero Hincapie ကလည်း သူတို့ထဲက တစ်ဦး ဖြစ်ပါတယ်။
ဒီညပွဲကို ခြေကျင်းဝတ် ခေါက်သွားတဲ့ ဒဏ်ရာကြောင့် ကာတစ်ဂျုံး ပါနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒဏ်ရာကြီးတော့ မဟုတ်တာမို့ နောက်အပတ်ပွဲမှာ ပြန်ပါနိုင်ပါမယ်။
ဘုန်းမောက်နဲ့ပွဲမှာ သီယာဂိုကော ဘာ့ဆီတစ်ပါ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ သူတို့ ပွဲထွက်နိုင်ဖို့တော့ နီးစပ်နေပါပြီ။
ဒီရာသီ ယူရိုပါလိဂ်မှာ လီဗာပူး ပါဝင်ရမှာဖြစ်ပြီး ဒီပြိုင်ပွဲကို အနိုင်ရဖို့က သူတို့လို ကစားသမားတွေရဲ့ အလုပ်ပါလို့ အန်ဒိုက ဆိုပါတယ်။
ဘုန်းမောက်ပွဲမှာ မာကာကို နံပါတ် ၆ နေရာ ဆက်ထားပြီး ဆိုဘိုစလိုင်း၊ အယ်လီးယော့တို့ဖြင့် တွဲပေးမယ်လို့ ခန့်မှန်းရပါတယ်။ အန်ဒိုက မနေ့ကပဲ လီဗာပူးကစားသမား ဖြစ်လာပေမယ့် အလုပ်ပါမစ် ရမရ မသိရသေးပါဘူး။
ချယ်ဆီးပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၃၅% ပဲရှိခဲ့တာက လုံးဝ မဖြစ်သင့်ကြောင်းနဲ့ ထပ်ဖြစ်လို့ မရဘူးလို့ ကလော့ပ်က သတိပေးပါတယ်။ အသင်းဟာ ဘောလုံးတွေကို ခပ်လွယ်လွယ် ဖြုန်းတီးခဲ့လို့ အဲ့လို ဖြစ်ခဲ့တာလို့ နည်းပြက မြင်ပါတယ်။
အန်ဒိုရဲ့ အရည်အချင်းကို လီဗာပူးပရိသတ်တွေ အံ့အားသင့်ကြလိမ့်မယ်လို့ လီဗာပူးနဲ့ ဘွန်ဒက်လီဂါ ကစားသမားဟောင်း ဒီဒီဟာမန်းက ဆိုပါတယ်။
အပြောင်းအရွှေ့မှာ အသင်းက ကစားသမားသစ် ခေါ်နိုင်သေးသလို ကစားသမား ရောင်းချမှုလည်း ရှိနေဦးမှာမို့ အရာအားလုံးအတွက် လမ်းဖွင့်ထားဆဲလို့ ကလော့ပ်က ဆိုပါတယ်။