ဒါဝင်၊ အယ်လီးယော့တို့ ပါဝင်လာနိုင်တဲ့ ဘုန်းမောက်ပွဲအတွက် ရွေးချယ်စရာ လူစာရင်း (၂) မျိုး

ဒီကနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီခွဲအတွင်း လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်းကို အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံ ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။

Team news

  • ခြေကျင်းဝတ် ခေါက်သွားခြင်းကြောင့် ဂျုံး လွဲပါမယ်။
  • သီယာဂိုနဲ့ ဘာ့ဆီတစ်တို့ ပွဲနေ့ ကြံ့ခိုင်ရေး မရှိသေးပါဘူး။
  • အန်ဒိုရဲ့ အလုပ်ပါမစ် အချိန်မီမလား မသေချာသေးပါဘူး။

ဘုန်းမောက်ပွဲအတွက် ပွဲထွက်လူစာရင်း ၂ မျိုး

ပထမလူစာရင်းကတော့ ချယ်ဆီးပွဲတုန်းက ပွဲထွက် ၁၁ ဦးကိုပဲ ဆက်သုံးရေး ဖြစ်ပါတယ်။ နည်းပြကလော့ပ်က ချယ်ဆီးပွဲ လူစာရင်းဟာ ယာယီ လူစာရင်းဖြစ်မယ်လို့ ကြိုတင် ပြောဆိုခဲ့ပေမယ့် ဒီအပတ်မှာ အန်ဒို တစ်ဦးတည်း ခေါ်ယူမှု ရှိထားခဲ့တာပါ။

အလုပ်ပါမစ် ကိစ္စ အဆင်ပြေမပြေ မသိရသေးသလို အသင်းနဲ့ လေ့ကျင့်ရေး မဝင်ထားတဲ့ အန်ဒိုကို ချက်ခြင်း ပွဲထုတ်တာထက် ပြီးခဲ့တဲ့ အပတ် လူစာရင်းကိုပဲ ပြန်သုံးတာက အသင်းသားတွေကြား ပိုမို လိုက်လျောညီထွေ ဖြစ်စေမှာ ဖြစ်ပါတယ်။

ဒုတိယ လူစာရင်းကတော့ ချယ်ဆီးပွဲမှာ ခြေစွမ်း မပြနိုင်ခဲ့တဲ့ ကစားသမား ၂ ဦး နေရာမှာ အစားထိုးမှု လုပ်ဖို့ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဂျိုတာဟာ ချယ်ဆီးပွဲမှာ ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့ပါတယ်။ သူ့နေရာမှာ ရာသီကြိုတုန်းက ဆာလာနဲ့ အတွဲညီနေတဲ့ ဒါဝင်ကို ထည့်ဖို့ ဖြစ်ပါတယ်။

ဂက်ပိုဟာလည်း သူ့ရဲ့ ပင်ကိုယ် နေရာမဟုတ်တဲ့ ကွင်းလယ်လူ နေရာကနေ ရုန်းကန်ခဲ့ရပါတယ်။ ချယ်ဆီးပွဲအတွင်း အယ်လီးယော့ဟာ လူစားဝင်လာကာ ဖန်တီးမှုတွေအတွက် ကူညီခဲ့ပြီး အသင်းကစားကွက်ကို တိုးတက်စေခဲ့ပါတယ်။ ဒါကြောင့် ဂက်ပိုနေရာ အယ်လီးယော့ဖြင့် တိုက်ရိုက် အစားထိုးလို့ ဖြစ်နိုင်ပါတယ်။

ခံစစ်ကြောင်းနဲ့ တောင်ပံ တိုက်စစ်နေရာတွေကတော့ အပြောင်းအလဲ ပြုလုပ်ဖို့ မလိုအပ်လှဘဲ ရာသီသစ်ရဲ့ ပွဲကစားမိနစ်တွေအရ ဒုတိယပိုင်း မိနစ် ၆၀ လောက်မှာတင် လူစားလဲမှုတွေတော့ ရှိလာနို်င်ပါတယ်။