ပွဲအဖြေပြောင်းမယ့်သူတွေ အများကြီး ရှိနေတယ် ဆိုတဲ့ လီဗာပူး vs ဘုန်းမောက်ပွဲအတွက် ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်

ဒီကနေ့ မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ ကစားမယ့် လီဗာပူး ဘုန်းမောက်ပွဲအတွက် ဝါရင့် သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။

Liverpool v Bournemouth

ကျနော် ဒီပွဲကို အန်ဖီးကွင်းကနေ ကြည့်မှာပါ။ ဒီပွဲမှာ ဘုန်းမောက်တို့ ပိုကောင်းလာရင်တောင် လီဗာပူးတိုက်စစ်သမားတွေက ရလဒ်ကို ခြားနားစေဖို့ ကျနော် မျှော်လင့်နေပါတယ်။

လီဗာပူးက သူတို့ရဲ့ အရန်လူစာရင်းနဲ့လည်း ရလဒ်ကောင်းရအောင် လုပ်နိုင်ပါတယ်။ သူတို့ တိုက်စစ်မှာ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။

ဘုန်းမောက်အတွက် အခွင့်အရေး ရှိဦးမယ်လို့ ထင်ပေမယ့် ချယ်ဆီးကို ရင်ဆိုင်တုန်းက လီဗာပူးအသင်းရဲ့ အစောပိုင်း ကစားပုံ သိပ်ကောင်းပါတယ်။ သူတို့ရဲ့ ကစားကွက် ဖြိုခွဲခံလိုက်ရတာက စိတ်ပျက်စရာပါပဲ။

ကိုင်ဆီဒိုနဲ့ လာဗီယာတို့ကို လက်လွတ်ရတဲ့နောက်မှာ သူတို့ရဲ့ ကွင်းလယ် အထိုင်နေရာအတွက် စတုဂတ်မှ အန်ဒိုကို ခေါ်ယူထားပါတယ်။ ဒီအခြေအနေမှာ အဲ့တစ်နေရာတည်းက သူတို့မှာ အားနည်းနေတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ clean sheet ရမယ်လို့ ကျနော် မထင်တာပါ။

အသင်းဟောင်းကို ပြန်လည် ရင်ဆို်င်ရတဲ့ပွဲမှာ ဘုန်းမောက်အတွက် ဆိုလန်ကီ ဂိုးသွင်းပေးမယ်လို့ ထင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၃-၁ ဘုန်းမောက်ပဲ ဖြစ်ပါတယ်။