မက်ကယ်လစ္စတာရဲ့ အနီကဒ်ကို အကြောင်းရင်း ၂ ချက်ကြောင့် VAR ပြန် မစစ်ခဲ့ပါဘူး

VAR ဒိုင်တွေဟာ လီဗာပူးက ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲမှာ မက်ကယ်လစ္စတာရဲ့ အနီကဒ်ကို ပြန်စစ်မှု မလုပ်တာ အကြောင်းရင်း ၂ ချက်ကြောင့်လို့ မာဆေးဆိုဒ် အခြေစိုက် Echo က ဖော်ပြပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ မက်ကယ်လစ္စတာက ဘုန်းမောက် ကစားသမား ခရစ္စတီနဲ့ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့တာပါ။ ဘုန်းမောက် ကစားသမား ဘောလုံးသယ်လာမယ့် လမ်းကြောင်းမှာ မက်ကယ်လစ္စတာက ဝင်ရောက် ရှင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်ဒိုင် ဘရာမောကတော့ ဖြစ်ရပ်ကို စက္ကန့်အနည်းငယ်ကြား စဉ်းစားပြီး အနီကဒ် ပေးခဲ့တာဖြစ်တယ်။ ဒီဖြစ်ရပ်အတွက် VAR ပြန်စစ်မှုလည်း မလုပ်ခဲ့ပါဘူး။

VAR ဘက်က ရှင်းလင်းပြတ်သားမှု မရှိတဲ့ အခြေအနေမှာ အနီးကပ် မြင်ခဲ့ရတဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ လက်ခံခဲ့တာဖြစ်တယ်။ နောက်တစ်ချက်က ကယ်လစ္စတာနဲ့ ခရစ္စတီတို့ ခြေထောက် ထိတွေ့မှုဖြစ်ခဲ့တာဟာ လုံလောက်တဲ့ အမြင့်တစ်နေရာမှာ ရှိတယ်လို့ ယုံကြည်ခြင်းကြောင်း ဖြစ်ပါတယ်။

ဒိုင်လူကြီးကို မော်နီတာ လာကြည့်ရေး တိုက်တွန်းဖို့ရာ ပျက်ကွက်ခဲ့တဲ့ ပွဲနေ့ VAR ဒိုင်က ပေါတီရာနေးဖြစ်ပြီး သူဟာ လီဗာပူးအသင်း ပွဲစဉ်တွေကို တာဝန်ယူစဉ် ကလော့ပ်နဲ့ ပြဿနာတွေ ရှိခဲ့ဖူးသူပါ။

နောက်ပိုင်း ဗီဒီယို ပြကွက်တွေမှာ မက်ကယ်လစ္စတာဟာ ပြိုင်ဘက် ကစားသမားရဲ့ ခြေထောက်ကို သွားထောက်ခဲ့တာ မဟုတ်ဘဲ ခြေထောင်ကို ဘေးချင်း ရိုက်ခဲ့မိကြတာ ဖြစ်ပါတယ်။

လီဗာပူးဘက်ကတော့ တိုက်ရိုက် အနီကဒ်နဲ့အတူ မာကာ မိနစ် ၄၀ စာ မကစားရတာဟာ လုံလောက်တဲ့ အပြစ်ဒဏ်လို့ ယုံကြည်တာကြောင့် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့ စကားပြောဖို့ ပြင်ဆင်နေပါတယ်။