” ဒီ ​ေ-ာက်ရေးမပါတဲ့ သီချင်းကို ရပ်ပေးကြပါလား? ” လို့ ဘုန်းမောက်ပွဲမှာ ကလော့ပ် တောင်းဆိုခဲ့ခြင်း

ဘုန်းမောက်နဲ့ ယှဉ်ပြိုင်တဲ့ပွဲအတွင်း လီဗာပူးပရိသတ်တွေရဲ့ ဂုဏ်ပြု သီဆိုမှုကို ရပ်တန့်ပေးဖို့ ကလော့ပ်က တောင်းဆိုခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေဟာ အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ ဘုန်းမောက်ပွဲအတွင်း အဲဗာတန်ကွင်း တည်ဆောက်မှုမှာ မတော်တဆ ဖြစ်ရပ်ကြောင့် သေဆုံးသွားတဲ့ အဲဗာတန်ပရိသတ်အတွက် ဝမ်းနည်းခြင်းအဖြစ် ပွဲချိန် ၂၆ မိနစ်မှာ မတ်တပ်ရပ်ပြီး လက်ခုပ်တီးကာ အသိအမှတ်ပြုမှု ပြသခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာ ကွင်းထဲက ပရိသတ်တွေဟာ ကလော့ပ်အတွက် ရည်ရွယ်တဲ့ သီချင်းကို ဂုဏ်ပြု တီဆိုခဲ့ကြတာပါ။ ကလော့ပ်က ချက်ခြင်းပဲ ” ဒီ sျီးထုတ် သီချင်း ဆိုနေကြတာကို ရပ်ပေးကြပါလား?” “ဒီ​ေ-ာက်ရေး မပါတာကို ရပ်လိုက်ကြပါ” လို့ နည်းပြလိုင်းကနေ အော်ဟစ်ခဲ့တာပါ။ ဒါပေမယ့်လို့ သီချင်းသံက တိတ်မသွားခဲ့ပါဘူး။

ဒါမျိုး ကလော့ပ် တားဆီးဖူးတာ အခုမှ ပထမအကြိမ် မဟုတ်ပါဘူး။ မနှစ်က စပါးကို ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပွဲကစားချိန်တွင်း ဒီသီချင်းကို မဆိုကြဖို့ နည်းပြက ထုတ်ပြောခဲ့ဖူးပါတယ်။ ဒီသီချင်းဟာ ပွဲချိန်တွင်း ဆိုသင့်တဲ့ သီချင်း မဟုတ်ဘူးလို့ ကလော့ပ်က မြင်ထားပါတယ်။

“ ပရိသတ်တွေအားလုံးကို ချစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အကြောင်း ဂုဏ်ပြုတဲ့ သီချင်းကိုတော့ မဆိုပါနဲ့။ ဆိုချင်ရင် ပွဲပြီးမှ ဘားတွေမှာဖြစ်ဖြစ် ဆိုကြပါ။

အဲ့သီချင်းဆိုလိုက်ရင် ပွဲပဲ သိမ်းတော့မလိုလို အမြဲတမ်းခံစားရတယ်။ ပွဲက ပြီးသွားတာ မဟုတ်သေးဘဲ ကွင်းထဲ ဆက်ကန်နေကြတာလေ။ ဒါမျိုး သီချင်းက ပွဲပြီးမှ ဆိုရင် ပိုကောင်းမှာပါ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။