ကွင်းလယ်လူ ၂ ဦးလုံး ခေါ်ဖွယ်ရှိခြင်း၊ ဆာလာကို ဂုဏ်ပြုတဲ့ ဂျရတ်၊ ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အန်ဒိုနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

စတီဗင်ဂျရတ်က သူ့ရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်သွားတဲ့ မိုတာလာကို အင်စတာဂရမ်ကနေ ဂုဏ်ပြုသွားပါတယ်။

ဟန်ဒိုနေရာ ဆိုဘို ဝင်လာတာဟာ ကားရီးယက်စ်နေရာ အယ်လီဆန်ဖြင့် အဆင့်မြှင့်လိုက်သလိုပါပဲလို့ လီဗာပူးပရိသတ်တွေက မှတ်ချက်ပေးပါတယ်။

လီဗာပူးအသင်းဟာ ဂရာဗင်ဘက်ချ်နဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးမှုကို ဂျာမနီမှာ ပြုလုပ်နေပါတယ်။ ကစားသမား ခေါ်ယူရေးဆိုင်ရာ အကြီးအကဲ Dave Fallows နဲ့ ကင်းထောက်ချုပ် Barry Hunter တို့လည်း ဒီဆွေးနွေးမှုမှာ ပါဝင်ပါတယ်။

လီဗာပူး တာဝန်ရှိသူတွေဟာ ဂရာဗင်ဘက်ချ်တင် မဟုတ်ဘဲ ပဲလေစ့်မှ ဒူကူရေနဲ့ပါ စကားပြောနေတာဖြစ်ကာ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူရေးထက် နှစ်ဦးလုံးကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဂျာမာန်သတင်းတွေမှာတော့ လီဗာပူးက ဂရာဗင်ဘက်ချ်အတွက် ယူရို သန်း ၂၀ နဲ့ ကြိုးစားနေတာဖြစ်ကာ ဘိုင်ယန်မြူးနစ်က သူတို့ ကစားသမားကို မရောင်းလိုပါဘူး။ ဒါပေမယ့် ကွင်းလယ်လူ ကိုင်တိုင်က အသင်းပြောင်းလိုနေပါတယ်။

လီဗာပူးအသင်း နံပါတ် ၆ သမား ရှာနေတည်းက သူဟာ လီဗာပူးသတင်းတွေကို စောင့်ကြည့်ဖြစ်ပြီး ကိုင်ဆီဒို သတင်းထွက်လာချိန်မှာ အပြောင်းအရွှေ့ တကယ်ဖြစ်ပြီလို့ ထင်ခဲ့တာလို့ အန်ဒိုက ပြောပါတယ်။ ရက်ပိုင်းအကြာမှာ အေးဂျင့်က လီဗာပူးဘက်က ကမ်းလှမ်းလာတယ်လို့ ပြောချိန်မှာ မငြင်းဆန်နိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။

သူ့ရဲ့ ပွဲဦးထွက်မှာ သူ့နာမည် ဟစ်ကြွေးပြီး နွေးထွေးစွာ အားပေးကြတဲ့ အန်ဖီးကွင်းထဲက လီဗာပူးပရိသတ်တွေကို ကျေးဇူးတင်ကြောင်း အန်ဒိုက တုန့်ပြန်ပါတယ်။

လီဗာပူးအသင်းပိုင်ရှင်တွေဟာ အသက် ၂၀ အရွယ် ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူနိုင်ဖို့ တကယ်ကို လိုချင်ခဲ့တာလို့ ကလော့ပ်က ထုတ်ပြောပါတယ်။ ဒါပေမယ့် အန်ဒိုကို အရင် ခေါ်ယူခဲ့ပြီး ဒါဟာ FSG ခေါ်ချင်တဲ့ အပြောင်းအရွှေ့ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

မိုဆာလာရဲ့ ပင်နယ်တီ မှတ်တမ်းဟာ ဆိုးရွားလာခြင်းနဲ့အတူ သူ့နည်းတူ ပင်နယ်တီ မှတ်တမ်းကောင်းရှိတဲ့ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ကို ပင်နယ်တီ တာဝန်ယူသူတွေအဖြစ် နေရာပေးဖို့ မှတ်ချက်ပေးမှု ရှိလာပါတယ်။