

လီဗာပူးအသင်းမှာ တည်ငြိမ်တဲ့ ကွင်းလယ်လူတွေ ရလာပြီဖြစ်တာကြောင့် ထရန့်ကို ကွင်းလယ်ပို့တဲ့ စနစ်ထက် ယခင် ၄-၃-၃ စနစ်ကို ပြန်ပြောင်းကစားတာ မြင်လိုကြောင်း တိုက်တွန်းမှုတွေ ထွက်ပေါ်လာပါတယ်။
လီဗာပူးအသင်းက မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူသွားမှာ မဟုတ်ပါဘူး။ အသင်းဟာ နံပါတ် ၆ နေရာအတွက် ကစားသမား ထပ်ခေါ်ဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး။
ဘိုင်ယန်မြူးနစ်အသင်းက ဂရာဗင်ဘက်ချ်အတွက် ကမ်းလှမ်းမှုတွေ လက်ခံဖို့ လမ်းဖွင့်ပေးထားပေမယ့် ပြောင်းရွှေ့ကြေး ဘယ်လောက်ရလိုတယ်ဆိုပြီး ထုတ်ပြောလာခြင်း မရှိဘဲ ကမ်းလှမ်းမှုတွေကို နားထောင်လိုပါတယ်။
မက်ကယ်လစ္စတာအတွက် လီဗာပူးဘက်က အယူခံဝင်ခဲ့ပေမယ့် အနီကဒ် ပြစ်ဒဏ်ကို သေချာပေါက် ပယ်ဖျက်ပေးပါ့မယ်ဆိုတဲ့ အာမခံချက် မရှိပါဘူး။
ပဲလေစ့်အသင်းဟာ လီဗာပူး စိတ်ဝင်စားတဲ့ ဒိုကူရေကို ရောင်းချလိုစိတ် မရှိတာမို့ deadline နေ့ ကမ်းလှမ်းမှုမျိုး ဖြစ်လာဖွယ် ရှိပါတယ်။
လီဗာပူးအသင်းဟာ အမရာဘတ်ကို ခေါ်ယူနိုင်ခွင့်အား ငြင်းဆန်ပြီး ဝါတာရူ အန်ဒိုကို ခေါ်ယူဖို့ ရွေးချယ်ခဲ့တယ်လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။
ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာဟာ ပေါင် သန်း ၅၀ ဝန်းကျင်လောက်ပဲ တန်ကြေးရှိသူဖြစ်ပြီး ချယ်ဆီးဘက်က ပေါင် ၅၈ သန်း ပေးတာဟာ စျေးပိုပေးရခြင်းလို့ လီဗာပူးဘက်က မြင်ပါတယ်။
လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ အန်ဖီးကွင်း တိုးချဲ့မှုကို တာဝန်ယူထားတဲ့ Buckingham အဖွဲ့နဲ့ ဆွေးနွေးမှု ပြုလုပ်မှာဖြစ်ပြီး သူတို့ ဆက်လက် မလုပ်ဆောင်နိုင်ရင် သီးခြားအဖွဲ့ထံ ကွင်းအပြီးသတ်ရေး အပ်နှံသွားမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဘုန်းမောက် တိုက်စစ်သမား ဆိုလန်ကီကို ပေါင် သန်း ၄၀ ဖြင့် ချိတ်ဆက်နေပြီး ဒီအပြောင်းအရွှေ့ ဖြစ်ခဲ့ရင် 20% sell-on clause အရ လီဗာပူးအသင်း ပေါင် ၈ သန်း အကျိုးအမြတ်ရပါမယ်။