အင်္ဂလန်ဝါရင့် သုံးသပ်သူ ဂါရတ်ကွတ်က ဒီအပတ် BBC Team of the Week မှာ ဘုန်းမောက်ကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း ခြေစွာခဲ့တဲ့ ဆိုဘိုစလိုင်နဲ့ ဒီယက်ဇ်တို့ကို ထည့်သွင်းသွားပါတယ်။
လီဗာပူးရဲ့ ဂန္တဝင်နံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၈ ဟာ ပရီးမီးယားလိဂ်ခေတ်မှာ ဂျရတ်နဲ့အတူ တောက်ပခဲ့ပေမယ့် အခြားသော ဟီးရိုးကြီးတွေကလည်း ဒီနံပါတ်ကို ဝတ်ဆင်ခဲ့ဖူးပါတယ်။ ဆိုဘိုစလိုင်ဟာ ကျောနံပါတ် ၈ ဝတ်ကာ ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသနိုင်နေတာမို့ ဟီးရိုးတွေလို ကျော်ကြားလာဖို့ မျှော်လင့်ခံနေရပါတယ်။
ဂါရတ်ကွတ်က ” ဆိုဘိုစလိုင်က သေချာပေါက် ကစားနိုင်ပါတယ်။ ဘုန်းမောက်ပွဲအတွင်း လီဗာပူး ကစားသမားသစ် ဆိုဘိုစလိုင်ရဲ့ ထိချက်တွေ အားလုံးက သူဟာ အဆက်မပြတ် ပါဝင်ကစားလိုသူ တစ်ဦးဆိုတာကို ပြသခဲ့ပါတယ်။
လီဗာပူးရဲ့ ကျောနံပါတ် ၈ ကို ဝတ်ဆင်ကစားနေတဲ့ သူ့ကို ဒီနံပါတ်ဟာ ဘယ်လို ကစားသမားတွေ ဝတ်ခဲ့တယ်ဆိုတာ အန်ဖီးက တာဝန်ရှိသူ တစ်ယောက်ယောက် သူ့ကို သတိပေး ပြောပြထားတာတွေ လုပ်ဖို့ လိုပါမယ်။
ဆမ်မီလီ၊ ဘရိုက်ယန်ဟော၊ ဂျင်မီကေစ့်နဲ့ စတီဗင်ဂျရတ်တို့ဟာ ဒီဂျာစီနံပါတ်ကို ရှင်သန်စေခဲ့သူတွေပါ၊ ဒီနံပါတ်ကို ဝတ်ဆင်ပြီး ထူးထူးခြားခြား လုပ်ပြခဲ့ကြပါတယ်။ ဆိုဘိုအနေနဲ့ သူ့ရှေ့က နောင်တော်ကြီးတွေရဲ့ ခြေရာကို လိုက်နင်းနိုင်ဖို့ ပွဲတွေမှာ နှလုံးသားနဲ့ ကစားရပါမယ်။ ” လို့ မှတ်ချက်ပေးခဲ့တယ်။
ဂါရတ်ကွတ်က ဒီအပတ် ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းမှာ ဆိုဘိုအပြင် ဒီယက်ဇ်ကိုလည်း ထည့်သွင်းခဲ့ပါသေးတယ်။
သူကပဲ ” ဒီယက်ဇ်ကလည်း ချယ်ဆီးကို ရင်ဆိုင်တုန်းက သိပ်ကောင်းတဲ့ ဂိုးကို သွင်းယူခဲ့တယ်။ ဘုန်းမောက်ပွဲမှာ သူ့ရဲ့ အဆုံးသတ်မှုကတော့ ဂိုးပေါက်ရှေ့မှာ သူဘယ်လောက်ထိ အရည်အချင်းရှိလဲဆိုတာ ပြသနေပါတယ် ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။