

လီဗာပူးအသင်းဟာ ဒီနွေမှာ ကလော့ပ်ရဲ့ ကွင်းလယ်အတွက် အင်အားဖြည့်တင်းမှု ပြုလုပ်ရေး ကင်းထောက်ရာမှာ ဘွန်ဒက်လီဂါ ကစားသမား မန်နူကူနေးလည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့်လို့ ဇူလိုင်လအတွင်း ယူရို ပြိုင်ပွဲမှာ ပြင်သစ်သား ဒူးဒဏ်ရာ ရခဲ့တဲ့နောက် အသင်းဘက်က သူ့အပေါ် စိတ်ဝင်စားမှု သွေးအေးသွားခဲ့တာပါ။ အခုချိန်မှာ ကူနေးက မိုချန်ဂလတ်ဘတ် အသင်းရဲ့ လေ့ကျင့်ရေးထံ ပြန်ဝင်ပြီဖြစ်တာနဲ့အတူ အသင်းရဲ့ စိတ်ဝင်စားရိပ်တွေ ပြန်မြင်လာရပါတယ်။
ဂလတ်ဘတ် အားကစားဒါရိုက်တာကတော့ သူတို့ ကွင်းလယ်လူအတွက် တန်ကြေးကြီး ကမ်းလှမ်းမှုရမှ လက်လွတ်မယ်လို့ ထုတ်ပြောလာခဲ့တယ်။
သူကပဲ “ ကျနော်တို့ ကူနေးကို ရောင်းထုတ်ဖို့ မလိုပါဘူး။ သူ့ကို ခေါ်ယူချင်ရင် တန်ကြေးကြီး ကမ်းလှမ်းမှုဖြစ်ရပါမယ်၊ အဲ့တာမှ ကျနော်တို့ စဉ်းစားပေးမှာပါ။ ဒါပေမယ့် ကျနော်တို့ရဲ့ ပလန်က ကူနေးကို ဆက်ပြီး ထိန်းသိမ်းဖို့ပါ။ ကွင်းလယ်လူစာရင်းကို တည်တည်ငြိမ်ငြိမ် ရှိနေစေချင်ပါတယ် ” လို့ ထုတ်ပြောခဲ့တယ်။
လီဗာပူးသတင်းထောက် David Lynch ကတော့ အသင်းဟာ ကူနေးကို အနီးကပ် စောင့်ကြည့်မှု ပြုလုပ်ထားတယ်လို့ နားလည်ထားကြောင်း ထုတ်ပြောလာတယ်။ လီဗာပူးအသင်းက လူစာရင်းမှာ အားနည်းနေတဲ့ နေရာကို သိထားပါတယ်။
အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လီဗာပူးအသင်းက မန်နူကူနေးကို ကမ်းလှမ်းနိုင်နေဆဲဖြစ်ပြီး ကွင်းလယ်အတွက် အင်အားဖြည့်မှုတွေ ထပ်လုပ်ဖို့ စီစဉ်ထားဆဲလို့ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။