

ဒီအပတ် အသင်းလိုက် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့အပြီး အန်ဒိုရဲ့ စိတ်ဓါတ်ပိုင်းနဲ့ အကျင့်စရိုက်ကြောင့် သူနဲ့ ဆက်ဆံရတာကို အဝတ်လဲခန်းထဲက အသင်းဖော်တွေ အတော်လေး သဘောကျ ပျော်ရွှင်နေကြတယ်လို့ သိရပါတယ်။
မက်ကယ်လစ္စတာရဲ့ အနီကဒ် ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်တာကြောင့် ဒီအပတ် နယူးကာဆယ်နဲ့ပွဲမှာ အန်ဒို၊ မာကာ၊ ဆိုဘို ကွင်းလယ်အတွဲသစ်ကို မြင်ရမယ့် အခွင့်အရေး ရှိလာနေပါတယ်။
ထရန့်နဲ့ ဒီယက်ဇ်တို့ အသင်းလိုက် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ကြပြီး လူငယ် ကွင်းလယ်လူ မော်တန်ကိုလည်း မြင်ခဲ့ရပါတယ်။ စီနီယာအချို့ မပါနိုင်ခဲ့ပေမယ့် ဒဏ်ရာအကြောင်း ထူးထူးခြားခြား မကြားရသေးပါဘူး။
ဒီနွေမှာမှ အန်ဒရီကို မရဘူးဆိုရင် ဇန်နဝါရီမှာ လီဗာပူးထံက ထပ်မံ ချိတ်ဆက်မှု ရဖို့ရာ ခက်ခဲသွားမယ်ဆိုတာကို ဘရာဇီးကလပ် ဖလူမီးနက်စ်ဘက်က နားလည်ထားပါတယ်။
လီဗာပူး ယူ-၁၆ နဲ့ ဂျူဗင်တပ် ယူ-၁၆ ပွဲစဉ်မှာ လီဗာပူးအသင်းသားကို ဂျူဗင်တပ် အသင်းသားက လူမျိုးရေး ခွဲခြားတာကြောင့် ပွဲကို ဆက်မကစားဘဲ ကွင်းထဲက ထွက်ခွာမှု ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စကို ဂျူဗင်တပ်ဘက်က သေချာလေး ဂရုစိုက် တောင်းပန်ခဲ့ကာ လီဗာပူးအသင်းက လက်ခံခဲ့ပါတယ်။
မိုက်ကယ်အတ်ဝဒ်ရဲ့ အရည်အချင်းဟာ လူသစ် ခေါ်ယူမှုအဖြစ် လီဗာပူးပရိသတ်တွေ သိကြပေမယ့် သူ့ရဲ့ ထူးချွန်တဲ့ စကေးတစ်ခုက ကစားသမား ရောင်းချမှုအပိုင်း ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အတ်ဝဒ် မရှိတဲ့နောက် အရန်ကစားသမားတွေနဲ့ လူငယ်တွေကို စျေးကောင်းရအောင် မရောင်းထုတ်နိုင်ပါဘူး။
လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက် ချိတ်ဆက်မယ့် ကစားသမား စာရင်းထဲ မိုချန်ဂလတ်ဘတ်မှ မန်နူကူနေးကို ထည့်သွင်းထားပါတယ်။
ဘုန်းမောက်နဲ့ ဆိုလန်ကီးကြား အပြောင်းအရွှေ့ ဖြစ်လာခဲ့ရင် လီဗာပူးအသင်းဟာ ပေါင် ၃.၂ သန်းကနေ ပေါင် ၄.၂ သန်းကြား အကျိုးခံစားခွင့်ရှိပါမယ်။
လီဗာပူးအသင်းထောက်တွေက အသင်းဟာ အန်ဒိုကိုရခဲ့ပြီဖြစ်လို့ နံပါတ် ၆ သမား ထပ်ခေါ်မှာ မဟုတ်ဘူးလို့ ဖော်ပြပေမယ့် အပြောင်းအရွှေ့ သတင်းထောက်တွေကတော့ အဆိုပါ နေရာအတွက် အသင်းဘက်က ကြိုးစားနေဆဲလို့ ထုတ်ဖော်လာကြပါတယ်။
ပဲလေစ့်ဘက်က ဒိုကူရေအတွက် အတော်လေး မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရလိုခြင်းနဲ့အတူ ကွင်းလယ်လူကို လီဗာပူးအသင်း ခေါ်ယူနိုင်ဖို့ဟာ ခက်ခဲတဲ့ အခြေအနေ ဖြစ်နေပါတယ်။