လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ်တွေမှ လူငယ် ကြယ်ပွင့် နှစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လက်စတာအသင်းမှ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်လူ ထရေး နိုင်ယိုနီကို ခေါ်ယူနိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပြီဖြစ်တယ်။ မနှစ်ကရာသီ ယူ-၁၈ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပုံမှန် ပါဝင်ကစားထားတဲ့ လူငယ်လေးဟာ လီဗာပူး ယူ-၁၈ အသင်းထံ တိုက်ရိုက် ပူးပေါင်းပါမယ်။
ဒါ့အပြင် ဝက်စ်ဟမ်းမှ အသက် ၁၆ နှစ်အရွယ် ခံစစ်မှူး အမာရာ နယ်လိုကလည်း လီဗာပူးကို ရောက်လာပါတယ်။ သူဟာ လန်ဒန်ကလပ်မှာ စကော်လာရှစ် ရထားတာ လပိုင်း အကြာမှာပဲ လီဗာပူးကို ကူးပြောင်းလာခဲ့တာဖြစ်ပါတယ်။
သူတို့ နှစ်ဦးအတွက် တစ်ဦးချင်းမှာ ပေါင် ၁ သန်း မကျော်တဲ့ အကယ်ဒမီကြေးတွေ ပေးရဖွယ်ရှိပါတယ်။ အသင်းဟာ ဒီနွေမှာပဲ ဝုဗ်အသင်းမှ အသက် ၁၄ နှစ်အရွယ် ခံစစ်မှူး ဟာဗေး အိုဝင်ကို ပေါင် ၈ သိန်းဖြင့် ခေါ်ယူထားပါတယ်။
သူတို့ ၃ ဦးလုံးဟာ Marc Bridge-Wilkinson ရဲ့ ယူ-၁၈ အသင်းမှာ တိုက်ရိုက် ပါဝင်ကစားသွားကြမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီနောက်ပိုင်း လူငယ် ကြယ်ပွင့် စုစည်းမှုတွေကို ပြန်လည် အာရုံစိုက်လာနေပါတယ်။ ဗြိတိန်ရဲ့ အလားအလာ အကောင်းဆုံး ကြယ်ပွင့်တွေကိုကော ဥရောပကလပ်တွေမှ အရည်အချင်းရှိသူတွေကိုပါ စုဆောင်းလာနိုင်နေတယ်။
၂၀၁၉ မှာ ဆန်းဒါးလန်းကနေ မက်ကော်နယ်၊ ၂၀၂၀ မှာ ဆယ်တာဗီဂိုကတော့ ဘာ့ဆီတစ်၊ ၂၀၂၁ မှာ နယူးကာဆယ်ကနေ ဘော်ဘီကလက်၊ ၂၀၂၂ မှာ ဒါရီကနေ ကိုနေး-ဟိုဟာတီနဲ့ ဆဲတစ်ကနေ ဗန်ဒုတ်တို့ကို ခေါ်ယူခဲ့ကာ မကြာခင် လီဗာပူးနဲ့ တောက်ပလာမယ် မျှော်လင့်ခံနေရပါတယ်။