ဒီဘရိုင်း ရွေးချယ်တဲ့ အကောင်းဆုံး၊ ဖိုင်နယ်ထိတက်ဖို့ပဲ အာရုံစိုက်တော့မယ့် အန်ဒရီ၊ ကွင်းလယ်-ခံစစ် အခြေအနေနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

နယူးကာဆယ်ပွဲမှာ အန်ဒို ပွဲထွက်ခွင့်ရမယ် အာမခံချက် မရှိပါဘူး။ ကလပ်နဲ့ ၃ ရက်ပဲ ပူးပေါင်းရသေးတဲ့ ကစားသမားတစ်ဦးကို ချက်ခြင်း ပွဲထွက်ခွင့်ပေးနိုင်မှတော့ ဘာလို့များ အသင်းလိုက် စုဖွဲ့မှုကို နှစ်ရှည် လေ့ကျင့်နေဦးမှာလဲလို့ ကလော့ပ်က ဆိုပါတယ်။

ပဲလေစ့်ဘက်က ဒိုကူရေးအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၇၀ ရလိုနေကာ စျေးချလိုခြင်း မရှိပါဘူး။ လန်ဒန်ကလပ်ကတော့ ကစားသမားကို တစ်ရာသီ ဆက်ထိန်းဖို့ကိုပဲ ဆန္ဒပြင်းပြနေပါတယ်။

Copa Libertadores ကွာတားဖိုင်နယ် ပထမအကျော့မှာ အန်ဒရီက ကိုယ်တိုင် ဂိုးသွင်းခဲ့ပြီး ဒီနွေစျေးကွက်မှာ လီဗာပူးထံ ပြောင်းလာဖို့ထက် ဖလားပွဲ နောက်အဆင့်တွေ တက်နိုင်ရေးအတွက်ပဲ အာရုံစိုက်သွားဖွယ် ရှိနေပါပြီ။

beINSPORTS ရဲ့ ဖော်ပြချက်အရ ဆော်ဒီကလပ် Al-Ittihad အသင်းဟာ ဆာလာအတွက် လီဗာပူးအသင်းအား ပေါင် သန်း ၁၂၀ ဖြင့် ကမ်းလှမ်းမှာ ဖြစ်ပါတယ်။

လီဗာပူးဘက်က ဆာလာအတွက် အတော်လေး မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရနိုင်မယ်ဆိုတာ သိထားပေမယ့် သူ့ကို ဆက်ထိန်းဖို့ပဲ စိတ်ပိုင်းဖြတ်ထားပါတယ်။

လီဗာပူးသမိုင်းမှာ စျေးအကြီးဆုံး ကစားသမား ရောင်းချမှုဟာ ၂၀၁၈ တုန်းက ကော်တင်ညိုကို ဘာစီလိုနာထံ ပေါင် ၁၄၂ သန်းဖြင့် ထွက်ခွင့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လေဗာကူဆင်အသင်းက ပီရို ဟင်ကာပီအတွက် လီဗာပူးရဲ့ ချဉ်းကပ်မှုကို ပိတ်ပင်လိုက်ပါတယ်။ စျေးကွက်ပိတ်ခါနီးပြီမို့ အီကွေဒေါ ခံစစ်မှူးကို ရောင်းထုတ်ပေးမှာ မဟုတ်ပါဘူး။

ဒီဘရိုင်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး နေရာမှာ သီယာဂို၊ မာတီနက်စ်တို့ရဲ့ အထက် နံပါတ် တစ်နေရာမှာ ဗန်ဒိုက်ကို ရွေးချယ်ခဲ့ပါတယ်။ သူကတော့ ဗန်ဒိုက်က လိဂ်ရဲ့ အကောင်းဆုံး ခံစစ်သမားအဖြစ် ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူသစ်ကို နံပါတ် ၆ သမားစစ်စစ်ထက် နံပါတ် ၆ အပြင် အခြားသော နေရာတွေကိုပါ ကစားနိုင်တဲ့ ကွင်းလယ်လူမျိုးကို အလိုရှိနေတာ ဖြစ်ပါတယ်။