နယူးကာဆယ် vs လီဗာပူး ပွဲစဉ်အတွက် ခရစ်ဆက်တန် ပွဲရလဒ် ခန့်မှန်းချက်

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်းဖြစ်တဲ့ နယူးကာဆယ်နဲ့ အဝေးကွင်း သွားရောက် ရင်ဆိုင်ရပါမယ်။

ဆော်ဒီပိုင်ရှင်တွေနဲ့ နည်းပြအတ်ဒီဟောင် လက်ထက်မှာ နယူးကာဆယ်ဟာ အတော်လေး တောင့်တင်းတဲ့ လူစာရင်းပိုင်ဆိုင်နေတာပါ။ သူတို့အသင်းအပေါ် လူပြောနည်းပေမယ့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူစာရင်း တစ်ခုက နယူးကာဆယ်မှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီအပတ်ပွဲမှာ လီဗာပူးဘက်က အီဘူး ပါနိုင်မှာ မဟုတ်ပေမယ့် မာကာ ပြန်ပါလာနိုင်မှာဖြစ်ပြီး ခံစစ် ပေးဂိုးပိုနည်းပြီး တိုက်စစ်ဂိုးပိုရအောင် အားထုတ်ရမှာပါ။ ဒီပွဲအတွက် ဆက်တန်ကတော့ အိမ်ရှင်အသင်းကို အလေးပေးသွားခဲ့ပါတယ်။

Newcastle v Liverpool

ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် အက်စတွန်ဗီလာကို ရင်ဆိုင်ကစားတဲ့ပွဲမှာ နယူးကာဆယ်တို့ အနိုင်ရခဲ့ပြီး ဒီနိုင်ပွဲက သူတို့ကို တက်ကြွမှုတွေ ပေးခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာ အနေအထားတွေနဲ့အတူ နယူးကာဆယ်က မန်စီးတီးကို သွားရောက် ရင်ဆိုင်ရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။

လီဗာပူးအသင်းမှာ တိုက်စစ်ပိုင်း ကစားသမားတွေ အများကြီး ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဒီယက်ဇ်က သိပ်ကောင်းတဲ့ သွင်းဂိုး ရယူခဲ့တယ်။ ဂျိုတာက မာမာထန်ထန် အားထုတ်တယ်။ ဆာလာလည်း ရှိပါတယ်။ ဆိုဘိုစလိုင်က အတော်လေး ထူးချွန်တဲ့ ကစားသမားပါ။ ဒါပေမယ့်လို့ လီဗာပူး ကွင်းလယ်ဟာ ကာကွယ်မှုတွေ လုပ်နိုင်မှာလား?

ခရစ် ဆက်တန် ခန့်မှန်းရလဒ်ကတော့ နယူးကာဆယ် ၃-၁ လီဗာပူး ပဲဖြစ်ပါတယ်။