

လီဗာပူးအသင်းဟာ မနက်ဖြန်ည ၁၀ နာရီ စိန့်ဂျိမ်းပက်ခ်ကို သွားပြီး နယူးကာဆယ်ဖြင့် ယှဉ်ပြိုင်ရပါမယ်။ မနှစ်ကရာသီမှာ နယူးကာဆယ်ကို နှစ်ကျော့လုံး အနိုင်ရခဲ့ပေမယ့် အန်ဒီဟောင်ရဲ့ အသင်းဟာ ထိပ်ဆုံး ၄ သင်းထဲ ဝင်သွားတဲ့ထိ တိုးတက်လာသလို ဒီရာသီမှာ ပိုတောင့်တင်းတဲ့ အသင်းတောင် ဖြစ်လာနေပါတယ်။
Team news
- အီဘူး ကြွက်သား ဒဏ်ရာကြောင့် ပါနိုင်ဖွယ် မရှိပါဘူး။
- ဘုန်းမောက်ပွဲမှာ ကန်ခံခဲ့ရတဲ့ ထရန့် ပါနိုင်ပါမယ်။
- ကာတစ်ဂျုံးနဲ့ သီယာဂိုတို့ အက်စတွန်ဗီလာပွဲမှ ပါနိုင်ပါမယ်။
- မာကာရဲ့ အနီကဒ် အယူခံအောင်ပြီး နယုးကာဆယ်ပွဲကစ ပါနိုင်ပါမယ်။
Liverpool’s XI vs. Newcastle
နယူးကာဆယ်ပွဲအတွက် ကလော့ပ်တို့ နည်းပြအဖွဲ့ ခေါင်းစားစရာ အနည်းငယ် ရှိနေပါတယ်။ အဲ့တာကတော့ ညာခြမ်း ခံစစ်မှူး ကိုနတေး ဒဏ်ရာရနေသလို ကွင်းလယ်လူ အန်ဒိုကို အသုံးပြုနိုင်တာမို့ ဘယ်လို လူစာရင်း ရွေးချယ်မလဲ ဖြစ်ပါတယ်။
ပထမလူစာရင်းကတော့ ကိုနတေး နေရာ ဂိုးမက်စ်ကို ဝင်ပါစေတာကလွဲလို့ ကျန်တဲ့ ပွဲထွက် ၁၀ နေရာကို အပြောင်းအလဲ မလုပ်ဘဲ ဆက်လက် ပွဲထုတ်ဖို့ပါပဲ။ အခုလို တစ်ပတ် တစ်ပွဲ ကစားနေရချိန်မှာ တူညီတဲ့ လူစာရင်းကို ဆက်တိုက် ထုတ်ခြင်းဟာ လူသစ်တွေဖြစ်တဲ့ ဆိုဘိုနဲ့ မာကာတို့ စနစ်သစ်မှာ အသင်းဖော်တွေနဲ့ အတွဲညီဖို့ အကူအညီ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ရိုဘို၊ ဗန်ဒိုက်၊ ဂိုးမက်စ်၊ ထရန့်တို့ နောက်တန်းက ပွဲထွက်လာပြီး ကွင်းလယ်မှာ မာကာ၊ ဆိုဘို၊ ဂက်ပိုတို့ကို ထုတ်သုံးကာ တိုက်စစ်က ဒီယက်ဇ်၊ ဂျိုတာ ဆာလာတို့ဖြင့် ပွဲထုတ်ဖို့ ဖြစ်ပါတယ်။
ဒုတိယ လူစာရင်းကတော့ မာကာကို သူ့နေရာဖြစ်တဲ့ ကွင်းလယ် နံပါတ် ၈ ပို့ပြီး ကွင်းလယ် နံပါတ် ၆ နေရာ အန်ဒိုကို ဝင်ပါစေဖို့ ဖြစ်ပါတယ်။ ကွင်းလယ်မှာ ဆက်တိုက် ပွဲထွက်နေတဲ့ ဂက်ပိုကို အရန်ခုံ ထိုင်ခိုင်းတာ ဒါမှမဟုတ် ဂျိုတာနေရာ ဝင်ပြီး False 9 ပုံစံ ကစားစေတာမျိုး ရွေးချယ်နိုင်ပါတယ်။
တိုက်စစ်မှာ ဒါဝင် ပါလာမှာကို မျှော်လင့်နေသူတွေလည်း ရှိနေပေမယ့် အသင်းတိုက်စစ်ဟာ သူ့ကို မဖြစ်မနေ ထုတ်သုံးရမယ့် အခြေအနေ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ပေါင် ၈၅ သန်းဖြင့် ခေါ်ယူထားတဲ့ ဒါဝင်ကို နေရာပေးရမယ့် အချိန်က မကြာခင် ရောက်လာမှာ ဖြစ်ပါတယ်။