ဆာလာရဲ့ နောက်ဆုံးပွဲလို့ ဆော်ဒီဘက်ကဆို၊ အသုံးစရိတ် ချပေးဖို့ တောင်းဆိုရမှာ သူ့အလုပ် မဟုတ်ဘူးဆိုတဲ့ ကလော့ပ်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဒီနေ့ည ၁၀ နာရီမှာ လီဗာပူးအသင်းဟာ နယူးကာဆယ်အသင်း အိမ်ကွင်းထံသွားပြီး ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဆော်ဒီသတင်းဌာနတွေကတော့ ဒီကနေ့ နယူးကာဆယ်နဲ့ပွဲဟာ လီဗာပူးအတွက် မိုဆာလာ ကစားပေးမယ့် နောက်ဆုံးပွဲပဲ ဖြစ်ပါတယ်လို့ ထုတ်ပြောနေကြပါတယ်။

အီဘူး မပါနိုင်တာကြောင့် သူ့နေရာမှာ ဂိုးမက်စ် ဒါမှမဟုတ် မာတစ် ဝင်ကစားမှာဖြစ်ပြီး ဒါဟာ ထရန့်ရဲ့ ကာဗာပေးဖို့ ရုန်းကန်ရစေမယ်လို့ ယူဆမှုဗတွ ထွက်ရှိနေကာ ၄-၃-၃ ပုံစံကိုပဲ ခင်းဖို့ တိုက်တွန်းနေပါတယ်။

ကလော့ပ်က သူ့မှာ သုံးရမယ့် ဘတ်ဂျက် ဘယ်လောက်ဆိုတာ ရှိပြီး လိုသလောက်တော့ ရမှာ မဟုတ်ကြောင်းနဲ့ သူ့အလုပ်က ကွန်ပလိန်းတက်ဖို့ မဟုတ်ဘဲ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပါလို့ ဆိုပါတယ်။

ကာရေဂါကတော့ ဆာလာလို ကစားသမားကို ခေါ်ချင်တယ်ဆိုရင် ပေါင် သန်း ၁၀၀ လောက်က လီဗာပူးတို့ကို စိတ်ပါစေမှာ မဟုတ်ဘဲ ပေါင် သန်း ၁၅၀ လောက်ဆိုရင်တော့ စဉ်းစားလာမှာပါလို့ ကြေးမြှင့်ဖို့ တိုက်တွန်းနေပါတယ်။

အတ်ဒီဟောင်က နယူးကာဆယ်ဟာ ဆိုဘိုစလိုင်ကို ခေါ်ယူလိုခဲ့ပေမယ့် ပေါင် သန်း ၆၀က သူတို့အတွက် စျေးများနေလို့ မခေါ်ခဲ့တာလို့ ပြောလာပါတယ်။

ကာဗာရိုက မီဒီယာတွေဟာ သူပြောဆိုတာကို နားလည်မှု လွဲမှားတာဖြစ်ပြီး သူနဲ့ နည်းပြကလော့ပ်ကြား စကားပြောဆိုမှု ရှိကြောင်းနဲ့ လိုက်ဇစ်ထံ အငှားထွက်ဖို့ ကိစ္စကိုပဲ မန်နေဂျာထံ အကြံတောင်းခဲ့ခြင်း မရှိတာပါလို့ ထွတ်ရှင်းခဲ့ပါတယ်။

အီဘူး ဒဏ်ရာရနေလို့ ခံစစ်မှူး နက်ဖီးလစ်ရဲ့ အပြောင်းအရွှေ့ ကိစ္စ ထပ်မံ နှောင့်နှေးဖွယ် ရှိပါတယ်။ နက်ဖီးလစ်ဟာ အပြောင်းအရွှေ့ ကာလ ၃ ခုထိကို လီဗာပူးခံစစ်သမားတွေရဲ့ ဒဏ်ရာတွေကြောင့် အသင်းမပြောင်းဘဲ ဆက်ထိန်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကွင်းလယ်လူ တေလာမော်တန်ကို ချန်ပီယံရှစ် ကလပ်တွေက အငှား ခေါ်ယူလိုနေကာ ကစားသမားက ဟူးစီးတီးထံ ရောက်ရှိဖွယ် ရှိနေပါတယ်။