ဆာလာကို ဆော်ဒီကလပ် Al-Ittihad အသင်းက အလိုရှိနေကြောင်း ကိစ္စဟာ လူတိုင်းသိတဲ့ အခြေအနေ ဖြစ်နေပါပြီ။
အစောပိုင်းမှာ ဆော်ဒီကလပ်က အသက် ၃၁ နှစ်အရွယ် ဆာလာကို ပေါင် ၈၅ သန်းဖြင့် ကမ်းလှမ်းမယ်လို့ သတင်းထွက်ပေမယ့် အရှေ့အလယ်ပိုင်း သတင်းဌာနတွေကပဲ ဒီနွေမှာတင် အီဂျစ်သားကို ရမယ်ဆိုရင် သန်း ၁၂၀ လောက်ထိ သုံးဖို့ ဆော်ဒီဘက်က အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။
လီဗာပူးကတော့ ကလပ်ရဲ့ သဘောထားဟာ ဆာလာအတွက် ဆွေးနွေးမှု လုံးဝ မလုပ်ဖို့နဲ့ ဒီရာသီ ဆာလာကို အသင်းမှာ ဆက်ထိန်းထားရေးလို့ ပြတ်ပြတ်သားသား တုန့်ပြန်နေပါတယ်။
လီဗာပူး ကစားသမားဟောင်း ကာရေဂါကတော့ အသက် ၃၁ အရွယ် တိုက်စစ်သမား တစ်ယောက်အတွက် ပေါင် သန်း ၁၀၀ နဲ့ အလုပ်မဖြစ်ရင် ပေါင် သန်း ၁၅၀ လောက်နဲ့ ကမ်းလှမ်းကြည့်ပေါ့လို့ ဆော်ဒီကလပ်ကို အကြံပေးလာခဲ့တယ်။
ဂျင်မီ ကာရေဂါကတော့ ” လီဗာပူးက ဆာလာကို ပေါင် သန်း ၁၀၀ လောက်နဲ့တော့ ဘယ်ရောင်းမလဲဗျာ။ ဒါပေမယ့် ပေါင် သန်း ၁၅၀ နဲ့ အဲ့နီးနီးလောက် ကမ်းလှမ်းရင်တော့ လီဗာပူးဘက်က စဉ်းစားပေးလာမှာပါ။
ပေါင် သန်း ၁၀၀ လောက်နဲ့ ညိနှိုင်းလို့တော့ လီဗာပူးက စဉ်းတောင်စဉ်းစားပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့လို အသက် ၃၀ ကျော် ကစားသမားအတွက် ပေါင် သန်း ၁၅၀ လောက်ရမယ်ဆိုရင် လီဗာပူးဘက်က စဉ်းစားလာမှာပါ ” လို့ အကြံပေးခဲ့တာ ဖြစ်ပါတယ်။
ဥရောပစျေးကွက် ပိတ်ပြီး ရက်ပေါင်း ၂၀ ကြာတဲ့ထိ ဆော်ဒီစျေးကွက် ဆက်ဖွင့်နေမှာမို့ ဆာလာ ကိစ္စဟာ ပေါ့သေးသေး အခြေအနေမျိုးတော့ မဟုတ်တာပဲ ဖြစ်ပါတယ်။