

လီဗာပူးကွင်းလယ်လူ ဆိုဘိုစလိုင်ဟာ မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ဟာလန်း၊ ဂါဗာဒီအောတို့ဖြင့် အတော်လေး ခင်မင်ရင်းနှီးသူ ဖြစ်ပါတယ်။
၎င်းတို့အပြင် ချယ်ဆီးမှ အန်ကူကူတို့ဟာ ရတ်ဘူး ဘောလုံးအဖွဲ့တွေကနေ ပေါ်ထွက်လာကြပြီး အတော်လေး ခင်မင်ရင်းနှီးကြပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေထံ ရောက်လာတဲ့ သူတို့တွေဟာ အွန်လိုင်းပေါ်က စကားပြောတာလောက် မဟုတ်ဘဲ အပြန်အလှန် အိမ်အလည်သွားလေ့ ရှိကြပါတယ်။
ဆိုဘိုက ဟာလန်းကို လီဗာပူးနဲ့ မန်စီးတီးမှာ ဘယ်အသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ ပိုမြင့်တဲ့ အဆင့် ရောက်မလဲ မေးခွန်းအတွက် ‘ လီဗာပူးပေါ့’ လို့ မတုန့်မဆိုင်းပဲ ဖြေပါတယ်။
ဒီနှစ်သင်း ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်လာတာ အတော်လေး ကြာခဲ့ပြီဖြစ်ကာ လီဗာပူးက ဒီရာသီ မန်စီးတီးထက် ပိုမြင့်တဲ့ အဆင့် ရောက်ရမယ်လို့ ဆိုဘိုက စိတ်ပိုင်းဖြတ်ထားတယ်။ ဒီအကြောင်းကို မီဒီယာထက်ကနေ ထုတ်ပြောလာဖို့လည်း ဟန်ဂေရီ အသင်းခေါင်းဆောင်က တွန့်ဆုတ်မနေပါဘူး။
ဆိုဘိုက ‘ ကျနော် နောက်နေတာ မဟုတ်ဘူး။ တကယ် အတည်ပြောနေတာ။ ခက်ခဲတယ်ဆိုပေမယ့် မန်စီးတီးရဲ့ အထက်ကနေ ရပ်တည်နိုင်ဖို့ အမြဲတမ်း တွေးထားတယ်။ စီးတီးက သိပ်ကောင်းတဲ့အသင်းဖြစ်ပြီး ကျနော်တို့ အသင်းကောပါပဲ။
ကျနော်တို့အသင်းမှာ နည်းပြကောင်းရှိတယ်၊ အသင်းဖော်ကောင်းတွေရှိတယ်။ ကျနော်က ပထမနေရာကို အမြဲလိုချင်တဲ့ ကစားသမား၊ ကျနော်က အမြဲတမ်း အနိုင်ရချင်တယ်။ ဘယ်သူကမှလည်း ဒုတိယရတဲ့ အသင်းကို စိတ်မဝင်စားဘူးပဲလေ။
မန်စီးတီးလို အသင်းက သူတို့ အမြဲတမ်း အနိုင်ရမယ်ဆိုတာ ယုံကြည်ချက်ရှိသလို ကျနော်တို့ လီဗာပူးကလည်း အနိုင်ရဖို့ အမြဲတမ်း တွေးနေတဲ့ အသင်းပါ ” လို့ ပြောဆိုခဲ့တာပါ။
ရည်မှန်းချက်ကြီးတဲ့ ဆိုဘိုဟာ ဒီရာသီ လီဗာပူးအတွက် အရေးပါမယ့် ကစားသမား ဖြစ်လာမယ်လိုပ ပရိသတ်တွေကလည်း ယုံကြည်နေကြတာ ဖြစ်ပါတယ်။