

လီဗာပူးအသင်း နယူးကာဆယ်ကို အနိုင်ရမှုဟာ အသင်းသားတွေရဲ့ မဆုတ်မနစ် ကြိုးစားမှုကြောင့်ဖြစ်ပြီး ကွင်းထဲက ကစားသမား အားလုံးနဲ့ လူစားဝင်လာသူ အားလုံးဟာ အသိအမှတ်ပြု ခံထိုက်ပါတယ်။
ဂိုးမက်စ်၊ ရော်ဘတ်ဆန်၊ မာကာ၊ ဆိုဘိုနဲ့တကွ အားလုံးသော ကစားသမားတွေဟာ သူတို့ရဲ့ ဘဝတွေကို ပုံပေးပြီး ဒီပွဲအတွက် ပေးဆပ်သွားကြတာပါ။ ဒါပေမယ့်လည်း အထူးချီးကျူးရမယ့် အသင်းသား ၂ ဦး ရှိနေပါတယ်။
လူစားဝင်လာပြီး သွင်းဂိုး ၂ ဂိုး သွင်းခဲ့တဲ့ ဒါဝင်က အသင်းအနိုင်ရအောင် ကူညီပေးနိုင်လို့ ပျော်ရွှင်ပါတယ်လို့ ဆိုခဲ့ပါတယ်။ လီဗာပူး တိုက်စစ်သမား ၅ ဦးမှာ နေရာမရဆုံး ဖြစ်နေတဲ့ ဒါဝင်ဟာ ဒီပွဲကရတဲ့ ယုံကြည်မှုတွေကြောင့် လာမယ့်ပွဲတွေမှာ ပွဲထွက်ခွင့် ရလာနိုင်ပါတယ်။
” အသင်းနိုင်ပွဲရအောင် ကူညီနိုင်တာအတွက် ကျနော် သိပ်ပျော်နေပါတယ်။ တစ်ယောက်လျော့သွားပြီးတဲ့နောက် အသင်းကစားတာ အတော်လေး ကောင်းပါတယ်။ ဒီလို နိုင်ပွဲ အခိုက်အတန့်အတွက် ကျနော်တို့ အားထုတ်နေခဲ့တာပါ။ သွင်းဂိုး ၂ ဂိုးနဲ့အတူ အသင်းကို ကူညီပေးနိုင်တာအတွက် ပျော်မိပါတယ် ” လို့ ဒါဝင်က ပြောဆိုခဲ့ပါတယ်။
နယူးကာဆယ်ကို အနိုင်ရမှုမှာ မိနစ် ၇၀ နီးပါး အသင်းဂိုးပေါက်ကို ကြံ့ကြံ့ခံ ကာကွယ်ပေးခဲ့တဲ့ အယ်လီဆန် ဘက်ကာကြောင့် အများကြီး ပါပါတယ်။ အယ်လီဆန်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ကာကွယ်မှု အများဆုံးအဖြစ် ၇ ကြိမ် လုပ်ခဲ့တာဖြစ်ပါတယ်။
အယ်လီဆန်ကလည်း “ ဒီနေ့ကတော့ ပြင်းပြမှုတွေဖြင့် အားထုတ်ခဲ့တာပါပဲ။ ဒီနေ့မှာ ကျနော်တို့ အားလုံးက ဆက်ပြီး ယုံကြည်ခဲ့ပါတယ်။
အသင်း ဂိုးပေါက်ကို ကာကွယ်ဖို့ ကျနော် ရှိနေတာပါ။ ဒီနေ့ပွဲမှာ အသင်းအတွက် ကာကွယ်မှု လုပ်ပေးခဲ့တာတွေက ကျနော် တာဝန်ပါ။ အသင်းကို ကူညီပေးဖို့ ဒီနေရာမှာ ကျနော် ရှိနေတာပါ ” လို့ တည်တည်ငြိမ်ငြိမ် ပြောဆိုသွားပါတယ်။
လီဗာပူးအသင်းဟာ လာမယ့်အပတ်မှာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး အီဘူး ပါနိုင်မှာ မဟုတ်သလို ဗန်ဒိုက် အနီကဒ်ကြောင့် ပါနိုင်ဦးမှာ မဟုတ်ပါဘူး။