နယူးကာဆယ်အသင်းဟာ မနှစ်ကရာသီနဲ့ ဒီရာသီမှာ အိမ်ကွင်းပွဲ ၂၅ ပွဲ ကစားခဲ့ပြီး ၃ ပွဲပဲ အရေးနိမ့်ခဲ့ပါတယ်။ အဲ့ထဲက ၂ ပွဲကတော့ လီဗာပူးကို ရှုံးခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်ကို တစ်ယောက်လျော့နဲ့ အနိုင်ရခဲ့တာဟာ ဘာစီလိုနာကို ၃-၀ ရှုံးတဲ့ရလဒ်အား အန်ဖီးကွင်းမှာ ၄-၀ ပြန်ထွက်အောင် တုန့်ပြန်ခဲ့တာထက် ပိုခက်ခဲပြီး သူ့မြေးတွေကို ဒီပွဲအကြောင်း ပြောပြမယ်လို့ ကလော့ပ်က ဆိုပါတယ်။
မနေ့ညက နိုင်ပွဲအပြီးမှာ ဂိုးသမား အယ်လီဆန်က လီဗာပူးကို ဘယ်တော့မှ အထင်မသေးပါနဲ့လို့ တုန့်ပြန်ရင်း ဒါဝင်ကိုလည်း ချီးကျူးသွားပါတယ်။
ဗန်ဒိုက်ရဲ့ အနီကဒ်ဟာ ၃ ပွဲပယ်ဖြစ်ပြီး (စကိုင်းစပေါ့ကတော့ ၁ ပွဲပယ်လို့ ကြေညာပါတယ်) အဆိုပါ ပြစ်ဒဏ်အတွက် အယူခံဝင်မယ့် သဘောမျိုး ကလော့ပ်က ပြောဆိုပါတယ်။
စကိုင်းစပေါ့ကပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဒါဝင်က ရသွားပါတယ်။ နည်းပြအဖွဲ့ဟာ ဒါဝင်ကို မကြိုက်လို့ မသုံးခြင်း မဟုတ်ဘဲ ရာသီသစ်မှာ စနစ်သစ်အတွင်း အံဝင်အောင်နဲ့ ရလဒ်တည်ငြိမ်ရေး အထိုင်ကျနေတဲ့ ကစားသမားတွေကို ဦးစားပေး သုံးနေတာ ဖြစ်ပါတယ်။
အာမီရွန်ရဲ့ ကန်ချက်ကို အယ်လီဆန် ကာကွယ်သွားခြင်းဟာ သူ့ဘဝ မြင်ဖူးသမျှထဲ အကောင်းဆုံး ကာကွယ်မှုအဖြစ် နယူးကာဆယ် နည်းပြအတ်ဒီဟောင်းက ချီးကျူးသွားပါတယ်။
ကွင်းလယ်ခံစစ်သမား အန်ဒိုက သူဟာ ဒီထက် ပိုကောင်းကောင်း လုပ်ပြနိုင်ပြီး လာမယ့်ပွဲတွေမှာ အဲ့အတွက် အခွင့်အရေးရဖို့ မျှော်လင့်နေပါတယ်။
စျေးကွက် မပိတ်ခင်လေး လူသစ် ခေါ်ယူပေးပါလို့ ကာရေဂါက အသင်းကို တောင်းဆိုလိုက်ပါတယ်။ လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ ဆုဖလားအပြိုင် စိန်ခေါ်မယ့် အသင်းဆိုတာ မမေ့ဖို့လည်း သူက ကလပ်တာဝန်ရှိသူတွေကို သတိပေးခဲ့ပါတယ်။
ခံစစ်မှူး အီဘူးဟာ အက်စတွန်ဗီလာနဲ့ အိမ်ကွင်းပွဲမှာလည်း ပါဝင်ကစားနိုင်မှာ မဟုတ်ဘဲ နိုင်ငံတကာ သီတင်းပတ် အပြီးမှ ပြန်ကစားနိုင်မှာပါ။
ဆာလာရဲ့ အနာဂတ်အကြောင်း ဇာတ်လမ်းတွေ ဖန်တီးနေကြသေးပေမယ့် သူ့အတွက်တော့ ဘာမှဖြစ်လာမှာ မဟုတ်ကြောင်း ကလော့ပ်က မှတ်ချက်ပေးပါတယ်။
ဂျော်ဒန် ဟန်ဒါဆန်ဟာ လီဗာပူးပွဲကို အားပေးခဲ့ပြီး အင်စတာဂရမ်မှာ ဒါဝင်နူးညက်စ်ကို Tag တွဲ ချီးကျူးခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်က လာမယ့် ရက်တွေအတွင်း သူ့အနာဂတ် ဘာဖြစ်မယ်ဆိုတာ မသိပါဘူးလို့ ပြောပါတယ်။