ဒီအပတ် အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ပွဲကို အဓိက ဂိုးသမား လိုရစ်နဲ့ နောက်ထပ် စပါး အသင်းသား ၄ ဦး လွဲချော်သွားမယ်လို့ သိရပါတယ်။
ဂိုးသမား လိုရစ်နဲ့ နောက်ထပ် စပါးအသင်း ကစားသမား ၄ ဦး လီဗာပူးပွဲကို လွဲချော်မည်
ယာယီနည်းပြမေဆန်က “ တနင်္ဂနွေနေ့ပွဲအတွက် ဟူဂို ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ် ဒဏ်ရာရသူတွေကိုတော့ နေ့တိုင်းမှာ ကျနော်တို့ အကဲဖြတ်နေပါတယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။
နယူးကာဆယ်ကို ၂၁ မိနစ်နဲ့ ၅ ဂိုး ပေးရတဲ့ပွဲမှာ လိုရစ်ဟာ ဖော်စတာဖြင့် လူစားလဲခံခဲ့ရပါတယ်။ ယူနိုက်တက်နဲ့ ၂-၂ သရေကျတဲ့ ပွဲမှာတော့ ဖော်စတာက ကောင်းမွန်တဲ့ လက်စွမ်းတွေ ပြသခဲ့သေးတာ ဖြစ်ပါတယ်။
မေဆန်ပြောတဲ့ နောက်ထပ် ဒဏ်ရာရ ကစားသမားတွေက ဘန်တန်ကာ (ဒူးဒဏ်ရာ)၊ ဘစ်ဆိုးမား (ခြေကျင်းဝတ်)၊ အီမာဆန် (ဒူးဒဏ်ရာ)၊ ဆက်ဆက်နွန် (တံကောက်ကြော) တို့ ဖြစ်ကြပါတယ်။
အဆိုပါ ၄ ဦးလုံး လွဲချော်နိုင်တာကြောင့် မေဆန်ဟာ ကွင်းလယ်နဲ့ အစွန်ပိုင်းမှာ ရွေးချယ်စရာ လူအင်အား နည်းပါးနေမယ်လို့ လန်ဒန်သတင်းတွေက ဖော်ပြထားတယ်။ ယူနိုက်တက်ကို ရင်ဆိုင်တုန်းကတော့ ကွင်းလယ်မှာ စကစ်နဲ့ ဟော့ဂျက်တို့ကို အမာခံထားပြီး မေတာဆာနဲ့ တွဲဘက်ပေးခဲ့ပါတယ်။
လီဗာပူးနဲ့ပွဲမှာ ဘယ်လို လူစာရင်း ထုတ်မလဲအတွက်တော့ မေဆန်က “ ဒီနေ့လည်ခင်း လေ့ကျင့်ရေးမှာ ကောင်လေးတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို ကျနော်တို့ ကြည့်ရပါမယ်။ တနင်္ဂနွေနေ့ပွဲ မတိုင်ခင် မနက်ဖြန် လေ့ကျင့်ရေးမှာကောပါပဲ ” လို့ သူက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
Possible Tottenham XI: Forster; Romero, Dier, Lenglet; Porro, Skipp, Hojbjerg, Davies; Kulusevski, Son, Kane