ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်းစာရင်းမှာ လီဗာပူး ကစားသမား တစ်ဦးမှ မပါခဲ့ပါဘူး။ ဂိုးသမား နေရာမှာလည်း အယ်လီဆန်ကို ကျော်ပြီး အာဆင်နယ် ဂိုးသမား ရမ်စ်ဒယ် ရွေးချယ်ခံရပါတယ်။
ယာဂင်ကလော့ပ် လက်ထက် အပြောင်းအရွှေ့ နွေစျေးကွက် နောက်ဆုံးရက်မှာ လီဗာပူးအသင်းဟာ ကစားသမား ၂ ဦးပဲ ခေါ်ယူဖူးပါတယ်။ ၂၀၁၇ မှာ ချိန်ဘာလိန်ဖြစ်ပြီး ၂၀၂၂ မှာ အာသာဖြစ်ပါတယ်။
ဗန်ဒိုက်ဟာ နယူးကာဆယ်ပွဲအတွင်း အနီကဒ် ပြသခံရစဉ် ဒိုင်လူကြီးကို မလျော်ကန်တဲ့ အပြုအမှု ပြုလုပ်တယ်ဆိုပြီး အက်ဖ်အေက စွဲချက်တင်ခြင်းကို ရင်ဆိုင်ခဲ့ရပါပြီ။ သောကြာနေ့ထိ အယူခံဝင်ခွင့်ရှိပြီး ထပ်တိုး ၁ ပွဲ ပြစ်ဒဏ် ရင်ဆိုင်ရနိုင်ပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အသားကျပြီးဖြစ်တဲ့ လက်စတာ ကွင်းလယ်လူ အန်ဒီဒီကို စျေးကွက် နောက်ဆုံးရက်မှာ ကမ်းလှမ်းဖို့ လျာထား ကစားသမားများ စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
ပဲလေစ့် ကွင်းလယ်လူ ဒိုကူရေကို လီဗာပူးဘက်က စိတ်ဝင်စားဆဲဖြစ်ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုခံရခြင်းကြောင့် အပြောင်းအရွှေ့ ဖြစ်လာတာမျိုး မြင်ရဖို့ ခက်ခဲလွန်းပါတယ်။
ဂရာဗင်ဘက်ချ်ကို ခေါ်ယူရေး တွန်းအားပေးဖို့ ပြင်ဆင်လာတာက လီဗာပူး တစ်သင်းတည်း မဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူဟာ လီဗာပူးကိုပဲ ရွေးချယ်မယ်လို့ ပြောလို့မရဘဲ မန်ချက်စတာ ယူနိုက်တက်လည်း ချိတ်ဆက်နေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဂိုးမက်စ်ကို ခေါ်ယူရေးအတွက် ဆွေးနွေးမှု ပြုလုပ်လိုနေပြီး စျေးကွက် နောက်ဆုံး အချိန်မှာ တရားဝင် ကမ်းလှမ်းမှု ဖြစ်လာနိုင်ဆဲပါ။
နက်ဖီးလစ်ဟာ ဒီအပတ်ထဲမှာပဲ အငှား ဒါမှမဟုတ် အပြီးသတ်ဖြင့် ချန်ပီယံရှစ်ထံ ရောက်ရှိနိုင်ပါတယ်။ မက်ဒယ်ဘရော့အသင်းက သူတို့ အတော်လေး စိတ်ဝင်စားနေသလို စတုဂတ်ကလည်း ပြန်ခေါ်ချင်နေပါတယ်။
လီဗာပူးနဲ့ ပြင်သစ်ကလပ် Rennes အသင်း ခံစစ်သမား အာသာသီရက်ကြား သတင်းဖော်ပြမှုတွေ ရှိပေမယ့် ဘယ်ဂျီယံသားအတွက် တရားဝင် ချိတ်ဆက်မယ့် အလားအလာတွေ အခုထိ မမြင်ရသေးပါဘူး။