NEWS: အီဘူးအတွက် ဆော်ဒီပရိုလိဂ်ရဲ့ ကမ်းလှမ်းမှုကို လီဗာပူးဘက်က ပယ်ချ

ဒီနွေမှာ ဥရောပကလပ်တွေအပေါ် ဆော်ဒီပရိုလိဂ်ရဲ့ ချဉ်းကပ်မှုဟာ ခြမ်းခြောက်မှု တစ်ရပ်ဖြစ်လာနေခဲ့သလို လီဗာပူးအသင်းကလည်း ဒီစျေးကွက်မှာ အတော်လေး ရုန်းကန်နေရပါတယ်။

အသင်းနဲ့ လမ်းခွဲပြီးနောက် ဖာမင်နိုဟာ ဆော်ဒီလိဂ်ထံ ပြောင်းဖို့ ရွေးချယ်သွားသလို မမျှော်လင့်ထားတဲ့ အပြောင်းအရွှေ့ အဖြစ် ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ဟာလည်း ဆော်ဒီကို ရောက်ရှိသွားကြပါတယ်။

ဇူလိုင်လအတွင်း ဒီယက်စ်အတွက် ချိတ်ဆက်မှုကို လီဗာပူးဘက်က ပယ်ချလိုက်သလို သီယာဂိုကလည်း ဒီနွေမှာ အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဂိုးမက်စ်၊ ဆာလာတို့ဟာ ဆော်ဒီလိဂ်ရဲ့ စောင့်ကြည့်မှုတွေထဲ ပါဝင်နေဆဲဖြစ်ပါတယ်။

RMC Sport ရဲ့ သတင်းပေးမှုအရ လီဗာပူးအသင်းဟာ အီဘူးအတွက် ဆော်ဒီကလပ်ရဲ့ ချိတ်ဆက်မှုကို ငြင်းဆန်ခဲ့တယ်လို့ သိရတယ်။ အီဘူးကို ခေါ်ယူလိုတဲ့ ကလပ်ဟာလည်း Al Ittihad ပဲဖြစ်တယ်လို့ နားလည်ရပါတယ်။

ခံစစ်မှူး တိုဒီဘိုက ဆော်ဒီလိဂ်ရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ ၎င်းတို့က အီဘူးကိုလည်း ပစ်မှတ်တစ်ခုအဖြစ် မြင်ထားတာပါ။ အီဘူးကတော့ လီဗာပူးမှာ အဆင်ပြေနေပြီး သူ့ရဲ့ ဆုဖလား ရည်မှန်းချက်တွေကို မာဆေးဆိုဒ်ကလပ်နဲ့ အောင်မြင်မယ် ယုံကြည်ထားတာ ဖြစ်ပါတယ်။

လက်ရှိ နယူးကာဆယ်ကို ပိုင်ဆိုင်ထားတဲ့ ဆော်ဒီရင်းနှီးမြုပ်နှံမှုအဖွဲ့က ကျောထောက်နောက်ခံ ပေးမှုနဲ့အတူ ဆော်ဒီပရိုလိဂ်ဟာ ဘောလုံးစျေးကွက်ကို ချဲ့ထွင်နေတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ ဆော်ဒီပြဿနာဟာ ရေတိုမဟုတ်ဘဲ နောက်ထပ် စျေးကွက်တွေထိပါ ရင်ဆိုင်ရမယ့် ရေရှည် ကိစ္စရပ်ဆိုတာ နားလည်ထားတာ ဖြစ်ပါတယ်။