ဒီနွေမှာ မီလ်နာကို အလွတ်ဖြင့် ခေါ်ယူရေး ဘရိုက်တန်က ကြိုးစားဖို့ ရှိနေပြီ ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘန်လေကလည်း ဝါရင့် ကွင်းလယ်လူကို ခေါ်ယူနိုင်ရေး ကြိုးစားလိုနေပါတယ်။
လီဗာပူးအသင်းဟာ သူတို့အသင်းနဲ့ တူညီတဲ့ ပန်းတိုင်အတွက် ကြိုးစားနေသလို အန်ဖီးက လာရောက်ကစားရဖို့ အမြဲတမ်း ခက်ခဲပါတယ်လို့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ထုတ်ပြောခဲ့ပါတယ်။
ဒီနွေမှာ မာတစ်ကို ထုတ်ရောင်းဖို့ လီဗာပူးဘက်က ရွေးချယ်မယ်ဆိုရင် ခံစစ်မှူးကို ခေါ်ယူရေး ရိုးမားအသင်းက စိတ်ဝင်စားနေပါတယ်။
စပါးနဲ့ပွဲမှာ ခံစစ်မှူး ကိုနတေး ပြန်လည် ပါဝင်သွားမှာဖြစ်ပြီး ဂျိုတာ နောက်ကျော နာကျင်မှု ရှိနေပေမယ့် ပြင်းထန်ပုံ မရဘူးလို့ ကလော့ပ်က ဆိုပါတယ်။
လီဗာပူးအသင်းဟာ စပို့တင်း အသင်းမှ ဥရုဂွေး ကွင်းလယ်လူ အူဂါရတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါ်တူဂီကလပ်ထံ ဆက်သွယ်မှု ပြုလုပ်ထားခဲ့တယ်လို့ ပေါ်တူဂီ သတင်းထောက်တွေက ဖော်ပြလာပါတယ်။
ဖာမင်နိုကို ဘာစီလိုနာက ခေါ်ယူမယ်လို့ သတင်းထွက်နေပေမယ့် သူ့အတွက် ပွဲထွက်ခွင့်ပေးမယ့် အသင်းထံပဲ ပြောင်းကာ နောက်ထပ် သမိုင်းတွေကို ထပ်ရေးသင့်တယ်လို့ ဘရာဇီး ဂန္တဝင်ကြီး ရီဗယ်ဒိုက အကြံပေးလိုက်ပါတယ်။
တနင်္ဂနွေနေ့ပွဲကြို လေ့ကျင့်ရေးမှာ သီယေဂိုနဲ့ ဖာဘင်ညိုတို့ဟာ အသင်းရဲ့ လေ့ကျင့်ရေးမှာ မပါခဲ့ပါဘူး။ သူတို့က သီခြား အစီအစဉ်တွေကို လေ့ကျင့်မှု ဝင်နေတယ်လို့ ယူဆရပါတယ်။
ချိန်ဘာလိန် ဒဏ်ရာရနေတယ်လို့ ကလော့ပ်က ပြောပေမယ့် ကွင်းလယ်လူဟာ သောကြာနေ့က အသင်းရဲ့ လေ့ကျင့်ရေးမှာ ပါခဲ့ပါတယ်။ သူဟာ ရာသီကုန် အသင်းနဲ့ စာချုပ်ကုန်ပြီမို့ ကြံ့ခိုင်မှုအတွက် လေ့ကျင့်တာလောက်ပဲ ဆက်လုပ်သွားမယ့် ပုံပါ။
ဘယ်လင်ဟမ်ဟာ ဒီနွေမှာ ဒေါ့မွန်ကနေ ထွက်ခွာဖြစ်ခဲ့ရင် မန်စီးတီးထံ ပြောင်းဖို့ကို ပယ်ချပြီး ရီးရဲလ်မက်ဒရစ်ကို ဦးစားပေးလိမ့်မယ်လို့ သိရပါတယ်။
စပါးဂိုးသမား ဟူဂိုလိုရစ်ဟာ ဒဏ်ရာကြောင့် လီဗာပူးနဲ့ပွဲကို ပါနိုင်မှာ မဟုတ်ဘဲ အရန်ဂိုးသမား ဖော်စတာက ပွဲထွက်သွားမှာပါ။
အားကစားဒါရိုက်တာ ဂျူလီယန်ဝတ်ဟာ ဒီနွေမှာ ရာထူးကနေ ထွက်မှာဖြစ်ပေမယ့် အသင်းရဲ့ ကွင်းလယ် လူသစ် ခေါ်ယူရေးတွေအတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။