လီဗာပူးအသင်းဟာ ကာရာဘောင်း တတိယအဆင့်မှာတော့ ချန်ပီယံရှစ်ကလပ် လက်စတာအသင်းနဲ့ မဲကျခဲ့ပြီး အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကွင်းလယ်လူ ကာတစ်ဂျုံးဟာ အက်ဆာကလေ့ကျင့်ရေးမှာ ပြန်လည် ပူးပေါင်းခဲ့ပြီ ဖြစ်ပါတယ်။ သီယာဂိုလည်း ပြန်သက်သာလာပေမယ့် လေ့ကျင့်ရေး အပြည့် ပြန်ဝင် မဝင် မသေချာသေးပါဘူး။
လာမယ့် ၂၄ နာရီအတွင်း လီဗာပူးအသင်းက ဂရာဗင်ဘက်ချ်အတွက် တရားဝင် ကမ်းလှမ်းမှု တင်တော့မှာ ဖြစ်ပါတယ်။ ဘိုင်ယန်ဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀-၄၀ ဝန်းကျင် ရလိုနေပါတယ်။
ဆော်ဒီပရိုလိဂ်ဘက်က ဆာလာအတွက် ပေါင် သန်း ၁၂၀ ဝန်းကျင် ပြောင်းရွှေ့ကြေး ပေးဖို့ အဆင်သင့်ဖြစ်နေပေမယ့် လီဗာပူးဘက်ကတော့ ရောင်းရန် မဟုတ်ကြောင်း ငြင်းဆန်ဖို့ စိတ်ပြတ်သားနေပါတယ်။
လီဗာပူးအသင်းဟာ ဂရာဗင်ဘက်ချ်ကို ကမ်းလှမ်းသွားမှာ ဖြစ်ပေမယ့် ကွင်းလယ်အတွက် အခြားသော ပစ်မှတ်တွေကိုလည်း ကြိုတင် ပြင်ဆင်နေပါတယ်။
သူ့ကို အလိုရှိတဲ့ အခြားသော ကလပ်တွေရှိနေပေမယ့် ဂရာဗင်ဘက်ချ်က လီဗာပူးကိုပဲ ပြောင်းလိုနေကာ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရဖို့ ပြဿနာ မရှိပါဘူး။
ဘိုင်ယန်မြူးနစ်က ဂရာဗင်ဘက်ချ်ကို ဘယ်ခြမ်း နံပါတ် ၈ သမားအဖြစ် မြင်ပါတယ်။ လီဗာပူးကတော့ နံပါတ် ၆ နေရာ တာဝန်ယူပြီး အဲ့ကတစ်ဆင့် ရှေ့ဘက်တွေကို တက်ကစားနိုင်မယ့် ကွင်းလယ်လူအဖြစ် မြင်ထားတာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ကလပ်ဟာ အသက် ၂၄ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် အီဘူးကို ဒီနွေမှာတင် ခေါ်ယူလိုပေမယ့် ကစားသမားနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုမှုအရ အီဘူး ကိုယ်တိုင်က လီဗာပူးမှာ ဆက်နေဖို့ပဲ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခံစစ်မှူးသစ်ရဖို့ လီဗာပူးဘက်က ပြင်ဆင်ထားပါတယ်။ ဘယ်သူဖြစ်မလဲ မသိရသေးပေမယ့် လေဗာကူဆင်မှ Piero Hincapié မဟုတ်ဖို့ကတော့ ရာနှုန်းပြည့်နီးပါး သေချာနေပါတယ်။
နက်ဖီးလစ်ဟာ စကော့တလန်ကလပ် ဆဲလ်တစ်အသင်းထံ တစ်ရာသီ အငှားဖြင့် ဒီကနေ့မှာပဲ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။