လီဗာပူးအသင်းဟာ ဒီနွေစျေးကွက် ၄ ဦးမြောက် ခေါ်ယူမှုအဖြစ် ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို တရားဝင် ကမ်းလှမ်းမှု ပေးတော့မှာ ဖြစ်ပါတယ်။
အသင်းဘက်က နောက်ကွယ်ကနေ လုပ်ဆောင်ရမယ့် ကိစ္စတွေ အားလုံးကို လုပ်ဆောင်နေပြီး ဒီကနေ့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာပဲ အပြီးသတ် ခေါ်ယူခြင်းနဲ့အတူ တရားဝင် သဘောတူညီမှုရအောင် ကြိုးစားမှာ ဖြစ်ပါတယ်။
လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ နယ်သာလန် လက်ရွေးစင်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ဝန်းကျင်ဖြင့် သဘောတူညီမှုရဖွယ် ရှိပါတယ်။ ကစားသမား ကိုယ်တိုင်က ပရီးမီးယားလိဂ်ထံ ပြောင်းလာလိုပြီး အန်ဖီးအသင်းသား ဖြစ်လာရမှာကို စိတ်အားထက်သန်နေပါတယ်။
ဒါပေမယ့်လို့ တရားဝင် ကမ်းလှမ်းမှု မရှိသေးသလို ဒီအပြောင်းအရွှေ့ ဖြစ်မြောက်မယ်လို့ ၁၀၀% တော့ အာမခံချက် မရှိသေးပါဘူး။ ပြောင်းရွှေ့ကြေးလို အရေးပါတဲ့ ကိစ္စအတွက် ကလပ်နှစ်သင်း စကားပြောနေကြတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဖာဘင်ညိုနေရာ အစားထိုးရမယ့် နံပါတ် ၆ သမားအဖြစ် လီဗာပူးက ဂရာဗင်ဘက်ချ်ကို သဘောကျပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ သူ့ကို ဘယ်ခြမ်း အထူးပြု ကစားနိုင်တဲ့ နံပါတ် ၈ သမား အဖြစ်ပဲ မြင်တာကလည်း ကလပ်နှစ်သင်းကြား ကွဲပြားသော သုံးသပ်ထားမှု ဖြစ်ပါတယ်။
ဘိုင်ယန်ဟာ ကွင်းလယ်မှာ နံပါတ် ၆ နှစ်ဦးတွဲတဲ့ ပုံစံကို သုံးလိုပြီး ကမ်မစ်ကို ဖူလ်ဟမ်မှ ပါလင်ညာနဲ့ တွဲဘက်ပေးဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါကြောင့် ပါလင်ညာကို ခေါ်ယူပြီး ပြောင်းရွှေ့ကြေး တစိတ်တပိုင်း ပြန်ရဖို့ ရောင်းရန် မဟုတ်ကြောင်း ငြင်းဆန်ထားတဲ့ ဂရာဗင်ဘက်ချ်ကို ထုတ်ရောင်းဖို့ ပြင်ဆင်လာခဲ့တာပါ။
ဒီနွေမှာ မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်၊ အန်ဒိုတို့ကို လီဗာပူးအသင်း ခေါ်ယူထားပေမယ့် ဖာဘင်ညို၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်၊ ကိတ်တာ၊ မီလ်နာတို့ ထွက်ခွာသွားတာပါ။ ဒါကြောင့် လီဗာပူးကို ပြောင်းလာခဲ့ရင် ပွဲထွက်ခွင့် နေရာအတွက် အခွင့်အရေး ရှိတာကို ဂရာဗင်ဘက်ချ် ကိုယ်တိုင်က နားလည်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကလည်း သူ့ကို ခေါ်ယူလိုပေမယ့် ကိုဒီ ဂက်ပိုနဲ့ ဗန်ဒိုက်လို လက်ရွေးစင် အသင်းဖော်တွေ ရှိနေတဲ့ လီဗာပူးက သူ့ကို အထိုင်ကျပိုမြန်စေမှာကိုလည်း ကစားသမားက သဘောပေါက်ထားပါတယ်။
လာမယ့် နာရီပိုင်းအတွင်း ဂရာဗင်ဘက်ချ်အတွက် တရားဝင် ကမ်းလှမ်းမှု ဖြစ်ပေါ်လာနိုင်ပြီး ခံစစ်ပိုင်းနဲ့ ပတ်သက်လို့ သတင်းနည်းနည်း ကြားလာရပေမယ့် အရမ်းကြီးတော့ မျှော်လင့်လို့ မရသေးတာ ဖြစ်ပါတယ်။