တရားဝင် ကိစ္စတွေ လုပ်ဆောင်ဖို့ ဂရာဗင်ဘက်ချ် ရောက်လာခြင်း၊ နောက်ထပ် လူသစ် တစ်ဦး ထပ်ခေါ်နိုင်သေးခြင်းနဲ့ နောက်ဆုံးရ လီဗာပူး သတင်းများ

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို ယူရို သန်း ၄၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းဖြင်ကာ ထပ်တိုးကြေ ယူရို ၅ သန်း ပေးရမှာပါ။

ဂရာဗင်ဘက်ချ်ဟာ လီဗာပူးကို ထွက်လာနေပြီဖြစ်ပါတယ်။ ဒီကနေ့ deadline နေ့မှာပဲ လီဗာပူးမှာ ဆေးစစ်မှုနဲ့ လက်မှတ်ထိုးမှုကို အပြီးသတ်ပါမယ်။

လီဗာပူးကို ပြောင်းလာရခြင်းဟာ သူ့ရဲ့ ကစားသမားဘဝ ပြန်ပြီး တောက်ပဖို့ အခွင့်အရေး အဖြစ် ဂရာဗင်ဘက်ချ်က အတော်လေး ပျော်ရွှင်နေပါတယ်။ ကစားသမားဟာ နည်းပြကလော့ပ်နဲ့ ဆွေးနွေး စကားပြောထားပြီးပါပြီ။

ကွင်းလယ်လူသစ် ထပ်ရပေမယ့် လီဗာပူးအသင်းမှာ အသုံးစရိတ် ရှိနေသေးတာမို့ ခံစစ်မှူးတစ်ဦး ထပ်မံ ခေါ်ယူဖို့ ကြိုးစားမယ်ဆိုတဲ့ သတင်းတွေ စကြားနေရပါတယ်။

နက်ဖီးလစ်က ဆဲလ်တစ်ထံ အငှားထွက်ဖို့ ရွေးချယ်ရတာဟာ ရိုဘိုကြောင့် ဖြစ်တယ်လို့ ထုတ်ပြောပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ယှဉ်ပြိုင်ခွင့်ရတဲ့ ဆဲလ်တစ်အသင်းမှာ ဖီးလစ် ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်း လေ့ကျင့်ရေးမှာ ဘာ့ဆီတစ် ပါဝင်လာခဲ့ပေမယ့် သီယာဂိုကတော့ ဗုဒ္ဓဟူးနေ့ထိ အသင်းလိုက် လေ့ကျင့်ရေးမှာ မမြင်ခဲ့ရပါဘူး။

ထရန့်ဟာ ကွင်းလယ်လူအဖြစ် နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီက သူနဲ့ လီဗာပူးကြား စာချုပ်ဟာ ၃ လ မဟုတ်ဘဲ ၁ နှစ်ဖြစ်တယ်လို့ ပြောဆိုပြီး သူဟာ အားကစားဒါရိုက်တာ တာဝန်မှာ ယာဂင်ကလော့ပ်ရဲ့ လက်ထောက်ပဲ ဖြစ်တယ်လို့ ဖွင့်ဟသွားပါတယ်။

လူငယ်ကွင်းလယ်လူ ဖရန့်ဒေါ့ကို ဘွန်ဒက်လီဂါဘက်က ကလပ်တွေ အငှားခေါ်ယူလိုနေပါတယ်။ မော်တန်ကိုတော့ ဟူးစီးတီးက အငှားခေါ်လိုပြီး စျေးကွက် နောက်ဆုံးရက်မှာ သူတို့ကို အငှားချတာက ဖြစ်လာနိုင်ဆဲပါ။

လိဂ်ဝမ်းကလပ် ဒါဘီအသင်းဟာ လီဗာပူးကြယ်ပွင့် ဘော်ဘီ ကလက်ကို အငှားခေါ်ယူဖို့ ချဉ်းကပ်နေပါတယ်။

ဒီကနေ့ ညပိုင်းမှာတော့ ယူရိုပါလိဂ် အုပ်စုအဆင့်အတွက် မဲခွဲမှုတွေ ရှိမှာဖြစ်ပါတယ်။