

ဒီရာသီအတွက် ယူရိုပါလိဂ် အုပ်စုအဆင့် မဲခွဲမှုတွေ ပြီးမြောက်ခဲ့ပြီ ဖြစ်တာနဲ့အတူ လီဗာပူးရဲ့ ပြိုင်ဘက် အသင်းတွေ ပေးထွက်လာခဲ့ပြီ ဖြစ်ပါတယ်။
အုပ်စု E မှာတော့ လီဗာပူးအသင်းဟာ အုပ်စုတွင်း ပြိုင်ဘက်တွေအဖြစ် ဩစတြီးယား ဘွန်ဒက်လီဂါကလပ် လက်စ်၊ ဘယ်ဂျီယံကလပ် ယူနီယံ စိန့်ဂယ်လွိုက်စ်၊ ပြင်သစ်ကလပ် တူးလုစ့်တို့ဖြင့် အတွဲကျပါတယ်။
အုပ်စုတွင်း ပြိုင်ဘက်တွေ ထွက်ပေါ်လာအပြီးမှာ လီဗာပူးအတွက် သတင်းကောင်းကတော့ ခရီးပန်းမှု အတော်လေး သက်သာမယ့် ကလပ်တွေနဲ့ အတွဲကျခြင်း ဖြစ်ပါတယ်။
ထူးခြားမှုကတော့ ဘယ်ဂျီယံကလပ် စိန့်အသင်းမှာ မက်ကယ်လစ္စတာရဲ့ အကိုဖြစ်သူ ကယ်ဗင်ရှိနေပါတယ်။ သူတို့ ညီကို နှစ်ဦးဟာ တစ်သင်းတည်းမှာ အတူ ကစားခဲ့ဖူးပေမယ့် အခုလိုမျိုး ပြိုင်ဘက်အဖြစ် ရင်ဆို်င်ရမှာကတော့ ပထမဆုံး အကြိမ်ပဲ ဖြစ်ပါတယ်။
ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲကို ဒီလ ၂၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ အုပ်စုပွဲ အားလုံးကစားပြီး ဖြစ်ပါလိမ့်မယ်။
လီဗာပူးအသင်းဟာ အုပ်စု ဗိုလ်အဖြစ် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ရင် ချန်ပီယံလိဂ်က ဆင်းလာမယ့် ကလပ်တွေနဲ့ play-off ကစားဖို့ မလိုဘဲ ရှုံးထွက်ထံ တိုက်ရိုက် ရောက်ရှိမှာ ဖြစ်ပါတယ်။