

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ထိပ်ဆုံး ၄ နေရာ ဒါမှမဟုတ် လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာဟာအတွက် တူညီတဲ့ ပန်းတိုင်ရှိတဲ့ စပါးအသင်းကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရပါမယ်။
ဒီနှစ်သင်းဟာ တစ်ရာသီလုံး စိတ်ပျက်စရာ ခြေစွမ်းတွေ ပြသထားခဲ့ဖူးပြီး ဘယ်လို ရလဒ် ထွက်ပေါ်လာမလဲကို ခရစ်ဆက်တန်က အခုလို ခန့်မှန်းပေးခဲ့ပါတယ်။
လီဗာပူး vs တော်တင်ဟမ်
ခရစ်ဆက်တန်က ” လီဗာပူးအသင်းရဲ့ ပွဲချဉ်းကပ်မှုဟာ တောင်တင်ဟမ်လို အသင်းကို ရင်ဆိုင်ကစားဖို့ ပြည့်စုံ အံဝင်မှုရှိပါတယ်။
ကလော့ပ်ရဲ့ အသင်းက ဘောလုံးပိုင်ဆိုင်မှုကို လွမ်းမိုးနိုင်အောင် အားထုတ်ပြီး ထရန့်က သူ့ရဲ့ နေရာသစ်ဖြစ်တဲ့ ကွင်းလယ် အတွင်းထဲ ဝင်ကစားချိန်မှာ သူ့နေရာက နေရာလွတ်တွေ ကျန်ခဲ့ပါတယ်။ အဲ့လို နေရာသစ်မှာ သူကစားနေတာပါ။
စပါးက မန်ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာ တုန့်ပြန် တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့ ပုံစံဟောင်းကို ပြန်ပြခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးကို ရင်ဆိုင်တဲ့ပွဲမှာ စပါးတို့ ရလဒ် တစ်ခုခုရမယ် မထင်ပါဘူး။ သူတို့က တစ်ရာသီလုံး စိတ်ပျက်စရာ ကောင်းထားတာပါ။
လီဗာပူးအသင်းက ၃ ပွဲဆက် နိုင်ပွဲနဲ့အတူ ခြေစွမ်းကောင်းတွေ ပြန်ပြနေတယ်။ သူတို့က ထိပ်ဆုံး ၄ သင်းထဲ ဝင်လိုနေဆဲဖြစ်ပြီး အဲ့အတွက် အခွင့်အရေးရဖို့ လက်ကျန်ပွဲတိုင်းကို အနိုင်ရဖို့ လိုပါတယ်။ ဒါပေမယ့် လက်ကျန်ပွဲတွေကို အနိုင်ရခြင်းက သူတို့အတွက် လုံလောက်သွားမယ် မထင်မိပါဘူး ” လို့ နှစ်သင်းကို သုံးသပ်မှု လုပ်ခဲ့တယ်။
ဆက်တန် ခန့်မှန်းရလဒ်က ” လီဗာပူး ၃-၁ စပါး ” ရလဒ် ထွက်ပေါ်မယ်လို့ ဖြစ်ပါတယ်။