

လီဗာပူးအသင်းရဲ့ ကွင်းလယ်ကြောင်း တစ်ခုလုံးဟာ မနှစ်ကနဲ့မတူညီဘဲ အပြောင်းအလဲ ဖြစ်လာတဲ့နောက် ကွင်းလယ်တန်း အသစ်ထံကနေ ဘာတွေ မျှော်လင့်ထားလဲလို့ နည်းပြကလော့ပ်ကို မေးမြန်းခဲ့ပါတယ်။
လီဗာပူးကွင်းလယ်မှာ ဟန်ဒါဆန်၊ ဖာဘင်ညို၊ မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်နဲ့ အငှားခေါ်ယူထားတဲ့ အာသာတို့ ထွက်ခွာသွားပါတယ်။ သူတို့နေရာမှာ မာကာ၊ ဆိုဘို၊ ဂရာဗင်ဘက်ချ်နဲ့ အန်ဒိုတို့ ဝင်ရောက်လာခဲ့ကြပါပြီ။ ဒါ့အပြင် ဟာဗေး၊ ဂျုံး၊ ဘာ့ဆီတစ်၊ သီယေဂိုတို့လို ကွင်းလယ်လူတွေ ကျန်ရှိနေပါတယ်။
လုံးဝကို ကွာခြားသွားတဲ့ ကွင်းလယ်နဲ့ ပတ်သက်ပြီး ဘာတွေကိုများ မျှော်လင့်ထားသလဲ? ဘယ်လို ပလန်ရှိသလဲ အခြေအနေအတွက် နည်းပြကလော့ပ်က ရှင်းပြလာပါတယ်။
နည်းပြ ကလော့ပ်က ” ကွင်းလယ်နဲ့ ပတ်သက်ပြီး ကျနော်တို့ ကြည့်ရပါမယ်။ ဒီကွင်းလယ်လူတွေမှာ သိသာတဲ့ အရည်အချင်းပိုင်းတွေ ရှိတယ်လို့ ထင်ပါတယ်။ ကျနော်တို့ဟာ အသင်းသမိုင်းမှာ အအောင်မြင်ဆုံး ကွင်းလယ်ကြောင်းကို အပြောင်းအလဲတွေနဲ့ အစားထိုးလာခဲ့တာပါ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖာဘင်ညို၊ ဟန်ဒါဆန်၊ မီလ်နာ၊ ဂီနီတို့ဟာ ဒီအသင်း အောင်မြင်ရေး အဓိကကျခဲ့ကြသူတွေ ဖြစ်ပါတယ်။ နောက်ပြီး နာဘီနဲ့ ချိန်ဘာလိန်တို့ကလည်း ကွင်းလယ်အတွက် အရေးကြီးတဲ့ နေရာက ပါဝင်ခဲ့ကြပါတယ်။
ကျနော်တို့ရဲ့ အကောင်းဆုံး အခိုက်အတန့်မှာ လူတိုင်းက အသင်းရဲ့ ကွင်းလယ်ဟာ သွင်းဂိုး ခြိမ်းခြောက်မှု လုပ်ဖို့ရာ လုံလောက်ရဲ့လား? လို့ မေးခဲ့ကြတယ်။ သွင်းဂိုးတွေ အားလုံးကို တိုက်စစ်ကြောင်းကပဲ သွင်းယူပေးခဲ့ချိန်မှာ ဒီမေးခွန်း မေးခဲ့ကြတာ ဖြစ်ပါတယ်။
အခုချိန်မှာ ကွင်းလယ်ကနေ သွင်းဂိုးတွေအတွက် ပိုပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိလာနေပြီလို့ ထင်ပါတယ်။ ဒါ့အပြင် ဒီကစားသမားတွေရဲ့ လှုပ်အားနှုန်း၊ အသင်းကို တည်တည်ငြိမ်ငြိမ် ကူညီပေးနိုင်မှုတွေက သိပ်ကို အကျိုးဖြစ်ပါတယ်။ ကျနော်တို့ ကွင်းလယ်အသစ်ကနေ အများကြီး ဖန်တီးသွားမှာ ဖြစ်ပါတယ်။
မတူညီတဲ့ စနစ်တွေလည်း ကစားနိုင်သေးတယ်ဆိုတော့ ကျနော်တို့ ဘာဆက်လုပ်မလဲ ကြည့်ရပါမယ်။ ဒီရာသီမှာ ဘယ်လို ကစားမလဲကို သေချာ စဉ်းစားရမှာပါ။ ဘောလုံးရာသီ အစောပိုင်းပဲ ရှိနေသေးပြီး ၃ ရက်တစ်ပွဲမှာ လူအပြောင်းအလဲ ၁၂ ယောက်စာ လုပ်ဖို့ မလိုသေးပါဘူး။
ဒီရာသီမှာ ကျနော်တို့ လုပ်လာတဲ့အတိုင်းပဲ ကောင်းတာတွေ ဆက်လုပ်နေမယ်၊ အကောင်းဆုံး လူစာရင်း ဖြစ်လာဖို့ မျက်လုံးဖွင့်ထားမယ်၊ ပြီးရင်တော့ ကျနော်တို့ စနစ်တစ်ခုမှာ အသားကျလာပါမယ်။
ကျနော်တို့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ သိပ်ကို အရည်အချင်းရှိတယ်၊ ငယ်ရွယ်တယ်ဆိုတာ သိသာပါတယ်။ အရမ်းကောင်းတဲ့ အခွင့်အရေးတွေ ရှိလာခြင်းအပေါ် အားလုံးက စိတ်လှုပ်ရှားနေတယ်။ ဒီတော့ ဒီကွင်းလယ်ကို ပေါင်းစပ်ရမှာက အရမ်း စိတ်လှုပ်ရှားစရာပါပဲ ” လို့ ရှင်းပြသွားတာ ဖြစ်ပါတယ်။
Liverpool are expected to add Ryan Gravenberch to Alexis Mac Allister, Dominik Szoboszlai and Wataru Endo to complete the long-awaited midfield rebuild that had to be accelerated due to surprise transfers for Jordan Henderson and Fabinho.
More on Tribuna.com:
https://tribuna.com/en/news/liverpoolfc-2023-09-01-klopp-we-had-to-replace-most-successful-midfield-in-recent-liverpool-history/?utm_source=copy