

ဒီကနေ့ အက်စတွန်ဗီလာပွဲမှာ ဒါဝင်ကို ပွဲထွက်ခွင့်ပေးပြီး နယူးကာဆယ်ပွဲမှာ ရခဲ့တဲ့ ယုံကြည်မှုကို အခြေခိုင်အောင် လုပ်ခွင့်ပေးဖို့ အသင်းပရိသတ်တွေက ဆန္ဒပြုနေကြပါတယ်။
ဆာလာအတွက် ပေါင် သန်း ၂၀၀ ရရင် လီဗာပူးက ရောင်းမှာဖြစ်ပြီး ဆာကာကို ပေါင် သန်း ၁၅၀ လောက်သုံးပြီး ပြန်ခေါ်နိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ ပေါမာဆန်က အာဆင်နယ်ကို သတိပေးခဲ့ပါတယ်။
ကာရေဂါက ဂရာဗင်ဘက်ချ်ကို ခေါ်ယူခဲ့တဲ့ လီဗာပူးကို အပြစ်တင်ခဲ့ပြီး ဘယ်နေရာမှာ သုံးမှာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ သူကတော့ ကွင်းလယ်ခံစစ်သမားနဲ့ ခံစစ်မှူးတို့ကို ခေါ်စေချင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအပတ်ပွဲမှာ အက်စတွန်ဗီလာ ဂိုးသမား မာတီနက်စ် ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ ဂျပ်ကော့ ရမ်ဆေးနဲ့ ထရာအိုရေးတို့ကတော့ ပါနိုင်မှာ မဟုတ်ပါဘူး။
နယူးကာဆယ်ပွဲမှာ ထရန့် ဒုတိယအဝါ ထိမှာ စိုးရိမ်လို့ အားလုံးက ကွင်းထဲက ထုတ်စေချင်ခဲ့ပေမယ့် မထုတ်ခဲ့တဲ့အပေါ် ကလော့ပ်က ကျေနပ်နေပါတယ်။ ဒါကြောင့်ပဲ ထရန့်ရဲ့ တိုးတက်မှုကို မြင်ခဲ့ရတာလို့ ကလော့ပ်က မြင်ပါတယ်။
အင်္ဂလန်အပြောင်းအရွှေ့ စျေးကွက် ပိတ်သွားပေမယ့် ဆာလာကို ဆော်ဒီဘက်က ကမ်းလှမ်းမှု ပြုလုပ်လာဦးမယ်ဆိုတာကို လီဗာပူးအသင်းဘက်က သိထားပါတယ်။
ယာဂင်ကလော့ပ်ဟာ လီဗာပူးပရိသတ် အဖွဲ့တွေထံ တိုက်ရိုက် စာရေးသားပြီး သူ့အတွက် ဂုဏ်ပြု သီချင်းကို ပွဲအပြီးမှ ဆိုပေးဖို့နဲ့ ပွဲချိန်တွင်း မဆိုဖို့ တောင်းဆိုလိုက်ပါတယ်။
ဝိုက်နယ်ဒမ်ဟာ စတီဗင်ဂျရတ်နဲ့ ဂျော်ဒန် ဟန်ဒါဆန်တို့ ရှိနေတဲ့ ဆော်ဒီကလပ် Al Ettifaq အသင်းထံ ရောက်ရှိသွားပါပြီ။