ဒါဝင် တောင်းဆိုသံတွေ ညံနေတဲ့ အက်စတွန်ဗီလာပွဲအတွက် ဖြစ်လာနိုင်ဖွယ် ပွဲထွက် ၁၁ ဦး

ဒီကနေ့ညတော့ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် နောက်ဆုံး ပရီးမီးယားလိဂ် ပွဲအဖြစ် အန်ဖီးကွင်းမှာ အက်စတွန်ဗီလာကို ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Team news

  • သီယာဂို လေ့ကျင့်ရေးမှာ ဒဏ်ရာ ပြန်ရသွားပါတယ်။
  • ကာတစ်ဂျုံး လေ့ကျင့်ရေး အပြည့် ပြန်ဝင်ခဲ့ပါတယ်။
  • ပြင်သစ် လူစာရင်းမှာ ရွေးချယ်ခံထားရပေမယ့် ဒီပွဲမှာ အီဘူး မပါနိုင်သေးပါဘူး။
  • ဗန်ဒိုက် ပွဲပယ်ကြောင့် ဂရာဗင်ဘက်ချ်နဲ့အတူ အန်ဖီးကွင်း ပွဲကြည့်စင်ကပဲ စောင့်ကြည့်နေပါမယ်။

Liverpool’s XI vs. Aston Villa

ဒီပွဲမှာ လူတိုင်း မြင်လိုနေတာကတော့ အထောင်တိုက်စစ်နေရာက ဒါဝင် ပွဲထွက်ပြီး သူနဲ့ ဆာလာ တွဲကစားတာကို မြင်ရဖို့ပဲ ဖြစ်ပါတယ်။ ဘယ်ခြမ်း တစ်ပေါက်အတွက် ဂျိုတာ၊ ဒီယက်ဇ်၊ ဂက်ပိုတို့ထဲက တစ်ဦး ပွဲထွက်ရမှာဖြစ်ပြီး ဒီယက်ဇ်ကို သုံးမယ်လို့ ယူဆရပါတယ်။

ကွင်းလယ်မှာတော့ အန်ဒို၊ မာကာ၊ ဆိုဘို အတွဲကို ထုတ်သုံးလာဖို့ ရှိနေပြီး ခံစစ်မှာ အီဘူးနဲ့ ဗန်ဒိုက် မပါနိုင်တာမို့ မာတစ်နဲ့ ဂိုးမက်စ်တို့ ပွဲထွက်ကာ ထရန့်၊ ရိုဘိုတို့ဖြင့် တွဲဘက်ပေးမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာက မာတစ်ဟာ မိနစ် ၉၀ ကစားနိုင်မယ့် ကြံ့ခိုင်မှုမျိုး မရှိတာပါ။ ဒါကြောင့် သူ့ကို ပွဲထွက်လူစာရင်းက မထည့်ဘူးဆိုရင် အသက် ၂၀ အရွယ် ကွမ်းဆက်ကို ပွဲထုတ်ရမှာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာ တိုက်စစ်သမား ဝတ်ကင်ကို ဂိုးမက်စ်တို့ ဘယ်လို တားဆီးမလဲ ကြည့်ရပါမယ်။

နောက်ထပ် အပြောင်းအလဲအဖြစ်တော့ အန်ဒိုကို ခံစစ်မှူးနေရာက ပွဲထုတ်ကာ ကွင်းလယ်မှာ မာကာ၊ ဆိုဘို၊ ဂက်ပို တွဲလုံး ပြန်သုံးတာမျိုး ဖြစ်ပါတယ်။ ဒါကတော့ ဖြစ်လာဖို့ ခဲယဉ်းပါတယ်။