အသင်းမှာ ဆက်နေလိုတဲ့ ဆာလာ၊ ထရန့်ရဲ့ ဒဏ်ရာ အခြေအနေ၊ ပြင်သစ်အတွက် ကစားပေးနိုင်မှာ မဟုတ်တဲ့ အီဘူးနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

အက်စတွန်ဗီလာကို ၃-၀ နဲ့ အနိုင်ရတဲ့နောက် ဒီရာသီ ပထမဆုံး နိုင်ငံတကာ သီတင်းပတ်ထဲ ဝင်မယ့် အချိန်မှာ လီဗာပူးအသင်းဟာ ထိပ်ဆုံး ၄ သင်း စာရင်းထဲ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ထရန့်ရဲ့ ဒဏ်ရာဟာ တံကောက်ကြောဖြစ်ပေမယ့် အရမ်း မစိုးရိမ်ရဘူးလို့ နည်းပြကလော့ပ်က ပြောပါတယ်။ ထရန့်ကလည်း သူ့ဒဏ်ရာကို အေးအေးဆေးဆေး ရှိနေသေးတာမို့ နိုင်ငံတကာ သီတင်းပတ်အပြီး ပြန်ကစားနိုင်မယ် အကောင်းမြင်နိုင်ဆဲပါ။

ပြင်သစ်အသင်းဟာ လက်ရွေးစင် လူစာရင်းကနေ ခံစစ်မှူး အီဘူးကို ပြန်ထုတ်သွားပါတယ်။ ဝုဗ်နဲ့ပွဲမှာ အီဘူး ပြန်ပါလာနိုင်မလား စောင့်ကြည့်ရပါမယ်။

ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး လက်မှတ်ထိုးမှုထဲမှာ ဆိုဘိုစလိုင် ပါဝင်တယ်လို့ ချီးကျူးမှုတွေ ထွက်ပေါ်နေပါတယ်။

ဆိုဘိုစလိုင်ဟာ နည်းစနစ်ကောင်းတယ်၊ လှုပ်အားကောင်းတယ်၊ ဖိအားပေးနှုန်း ကောင်းမွန်တယ်လို့ ကလော့ပ်က အသိအမှတ်ပြုခဲ့ပြီး ဟန်ဂေရီ ကွင်းလယ်လူဟာ ခပ်ညစ်ညစ် ကစားဖို့တောင် အဆင်သင့်ရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နယူးကာဆယ်နဲ့ အက်စတွန်ဗီလာ ပွဲတွေမှာ ပြသခဲ့တဲ့ ခြေစွမ်းအရ ဂိုးမက်စ်ဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေဖြင့် ပြန်လာနိုင်နေပြီလို့ မှတ်ချက်ပေးခံနေရပါတယ်။ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တဲ့ ဘောလုံးရာသီဟာ ဂိုးမက်စ်ရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်ခဲ့ရတာ ဖြစ်ပါတယ်။

ဆိုဘိုစလိုင်က သူဆာလာနဲ့ စကားပြောခဲ့ရာမှာ ဆာလာက ဆော်ဒီ မပြောင်းဘဲ အန်ဖီးမှာပဲ ဆက်နေလိုကြောင်း ဖော်ထုတ်လာပါတယ်။

ကွမ်းဆက်ဟာ မရှိသုံး ခံစစ်မှူး မဟုတ်ဘဲ လူစားဝင်လာတိုင်း ကွင်းထဲမှာ ခပ်မြန်မြန် အချေကျသွားတာမို့ ဒီကောင်လေးမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိတယ်လို့ အသိအမှတ်ပြု ခံလာရပါတယ်။

ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ ကိတ်ဂေါ်ဒန်ဟာ မနေ့က ယူ-၂၁ ပွဲစဉ်မှာ ကွင်းထဲ​ ပြန်ပြီး ခြေချနိုင်ခဲ့ပါတယ်။