လီဗာပူး ၃-၀ အက်စတွန်ဗီလာ ပွဲအပြီး ဆာလာ၊ ထရန့်နဲ့ ကလော့ပ်တို့ ပိုင်ဆိုင်သွားတဲ့ မှတ်တမ်းသစ်များ

Post-Match

ဆာလာဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ဒါမှမဟုတ် ဂိုးထောက်ပံ့မှုကို ၁၀ ပွဲဆက် လုပ်နိုင်တဲ့ ကစားသမားဖြစ်လာပါတယ်။ ဒါမျိုး နောက်ဆုံး လုပ်ထားတာကလည်း သူပဲဖြစ်ပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လကနေ ဒီဇင်ဘာလအထိ ၁၅ ပွဲဆက်တိုက် လုပ်ပြခဲ့တာပါ။

နည်းပြကလော့ပ်ဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၀၀ ကိုင်တွယ်ပြီးချိန် ၁၈၈ ပွဲ နိုင်ပွဲရထားပါတယ်။ ကလော့ပ်ထက် ပိုကောင်းတဲ့ မှတ်တမ်း ပိုင်ဆိုင်ထားတာဆိုလို့ ဂွာဒီယိုလာရဲ့ ပွဲပေါင်း ၂၇၀ အတွင်း နိုင်ပွဲ ၂၀၁ ပွဲ၊ မော်ရင်ညိုရဲ့ ပွဲပေါင်း ၂၀၀ အတွင်း နိုင်ပွဲ ၁၈၉ ပွဲပဲ ရှိပါတယ်။

ထရန့်ဟာ ပရီးမီးယားလိဂ်ပွဲ ၂၀၂ ပွဲမှာ ဂိုးထောက်ပံ့မှု ၅၅ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။ သူဟာ အိုဇေး၊ ဟာဇက်၊ မာတာ၊ ဂျော်ဒန် ဟန်ဒါဆန်တို့ထက် ပရီးမီးယားလိဂ် ဂိုးထောက်ပံ့မှု ပိုများသွားခဲ့ပါပြီ။

အက်စတွန်ဗီလာဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ၇ ပွဲမှာ ၁ ပွဲပဲ အနိုင်ရပြီး ၄ ပွဲထိ အရေးနိမ့်ထားပါတယ်။ နောက်ဆုံး အဝေးကွင်းပွဲ ၈ ပွဲမှာ clean sheet တစ်ကြိမ်မှ မရထားပါဘူး။

၂၀၁၆ ယူရိုပါလိဂ် ဖိုင်နယ်မှာ လီဗာပူးကို ဆီးဗီးလာအသင်းနဲ့ အနိုင်ရပြီးတည်းက မန်နေဂျာ အူနိုင်းအမ်မရီဟာ လီဗာပူးနဲ့ ၉ ကြိမ် ထပ်မံတွေ့ဆုံပြီး နိုင်ပွဲ လုံးဝ မရှိပါဘူး။

လီဗာပူးကစားသမားဘဝ ပထမဆုံး သွင်းဂိုး ရခဲ့တဲ့ ဆိုဘိုစလိုင်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းဖူးတဲ့ ၄ ဦးမြောက် ဟန်ဂေရီသား ဖြစ်လာပါတယ်။

ထရန့်ဟာ ၂၀၂၃ ခုနှစ်အတွင်း ဂိုးထောက်ပံ့မှု ၁၀ ကြိမ် အထက် လုပ်လာနိုင်တဲ့ ခံစစ်မှူးဖြစ်ကာ အခြားသော ၂ ဦးကတော့ ထရော့ဇတ်နဲ့ ဆာလာ ဖြစ်ပါတယ်။ ထရန့်ဟာ ယခင်ကလည်း တစ်နှစ်အတွင်း ဂိုးထောက်ပံ့မှု ၁၀ ကြိမ် အထက်အဖြစ် ၂၀၁၇ မှာ ၁၇ ကြိမ်၊ ၂၀၂၁ မှာ ၁၃ ကြိမ် လုပ်နိုင်ခဲ့ဖူးပါတယ်။