ထရန့် ၂ ပတ်နားရမည်၊ ဆာလာအတွက် အားထုတ်ဆဲ ဆော်ဒီကလပ်၊ ဂရာဗင်ဘက်ချ်ကို တင်းနေတဲ့ ယူ-၂၁ နည်းပြနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

ထရန့်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၂ ပတ်ခန့် အနားယူရမှာဖြစ်ပြီး နိုင်ငံတကာ သီတင်းပတ်အပြီး ဝုဗ်နဲ့ပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

အားကစားဒါရိုက်တာ ရှမတ်ကီကို လီဗာပူးဘက်က ကာလရှည် အနေနဲ့ တာဝန်ပေးဖို့ မရှိဘဲ အလွန်ဆုံးအားဖြင့် ဒီရာသီကုန်ထိပဲ ခန့်အပ်မှာဖြစ်ပါတယ်။

သီယေဂိုဟာ ဒီနွေမှာ ဆော်ဒီလိဂ်ထံ ပြောင်းသွားနိုင်ဆဲ ကစားသမားစာရင်းထဲ ထည့်သွင်း ဖော်ပြခံနေရပါတယ်။ သူဟာ နွေစျေးကွက်အတွင်း ဆော်ဒီလိဂ်ကို ငြင်းဆန်ထားတဲ့ လီဗာပူးကစားသမား (၅) ဦးထဲက တစ်ဦးဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်ဟာ ဆာလာကို ကနဦး ပေါင် ၁၇၅ သန်း ပါဝင်တဲ့ ပေါင် ၂၁၅ သန်းဖြင့် ချိတ်ဆက်မယ်လို့ အင်္ဂလန်သတင်းတွေက ဆိုပါတယ်။ ဆော်ဒီအဖွဲ့ဟာ လီဗာပူးနဲ့ ညိနှိုင်းဖို့ လန်ဒန်ကို ရောက်နေပါပြီ။

ဂရာဗင်ဘက်ချ်က နယ်သာလန် ယူ-၂၁ အသင်း လူစာရင်းကနေ နှုတ်ထွက်ခဲ့ခြင်းကို နည်းပြဖြစ်သူက ဒေါသထွက်နေပြီး သူဆိုရင်တော့ နှလုံးသားနဲ့ ပေးဆပ်ကစားမှာလို့ မှတ်ချက်ပေးလာပါတယ်။

ဆော်ဒီကလပ် Al Ittihad ကို ဆာလာ ငြင်းပြီး လီဗာပူးမှာပဲ ဆက်နေကြောင်း ဗီဒီယိုအတိုလေးကို အသင်းပရိသတ် တချို့ ဖန်တီးပြီး အွန်လိုင်းမှာ တင်ခဲ့ရာ အတော်လေး လူကြိုက်များနေပါတယ်။

ရိုဘိုကတော့ ဆာလာ ထွက်သွားမှာကို မစိုးရိမ်ကြောင်း ထုတ်ပြောလာပြီး ဆော်ဒီဘက်က ဘယ်လိုပဲ ချိတ်ဆက်ပါစေ အီဂျစ်သား ဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။

အီဘူးဟာ ပြင်သစ်အသင်း လက်ရွေးစင် လူစာရင်းကနေ နှုတ်ထွက်လိုက်ပေမယ့် ဝုဗ်နဲ့ပွဲ ပါဝင်နိုင်ဖို့ အခွင့်အလမ်း များနေဆဲဖြစ်ပါတယ်။

ယူရိုပါလိဂ် လူစာရင်းမှာ နည်းပြကလော့ပ်ဟာ ဗန်ဒုတ်၊ သီယေဂိုတို့ထဲက တစ်ဦးကို ဖြုတ်ထားရဖွယ် ရှိပါတယ်။ ယူရိုပါလိဂ် လူစာရင်းမှာ ဗန်ဒုတ်ဟာ B စာရင်းကနေ ထည့်သွင်းဖို့ သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်း မရှိပါဘူး။