

လီဗာပူးအသင်းရဲ့ ယူရိုပါလိဂ် လူစာရင်းမှာ ဂိုးသမား အတ်ဒရီယန် ပါဝင်လာတော့မှာ မဟုတ်ပါဘူး။ ဗန်ဒုတ်ကို နေရာပေးရေး အတ်ဒရီယန်ကို လူစာရင်းက ဖြုတ်ထားမှာ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေ စည်းမျဉ်းအရ List A စာရင်းဝင် ဂိုးသမား တစ်ဦးဟာ ကာလရှည် ဒဏ်ရာရတာ၊ ဖျားနာတာမျိုးဆိုရင် လူစာရင်းထဲ မပါတဲ့ ဂိုးသမား တစ်ဦးဖြင့် အစားထိုးခွင့်ရှိတာမို့ အရေးကြုံလာခဲ့ရင် အတ်ဒရီယန်ကို ရွေးချယ်နိုင်ဆဲဖြစ်ပါတယ်။
လီဗာပူးအသင်းဘက်က ဆော်ဒီကလပ်ထံကနေ ပေါင် သန်း ၂၀၀ ကျော်တဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိထားပြီး အသင်းပိုင်ရှင်တွေနဲ့ နည်းပြကလော့ပ်တို့ဟာ တွေ့ဆုံ ဆွေးနွေးမှု လုပ်ခဲ့ကြတယ်လို့ အသံထွက်နေပါတယ်။
ဆာလာဟာ သူ့ကို ဆော်ဒီဘက်က အသဲအသန် အလိုရှိနေပေမယ့် ထွက်ခွာလိုရိပ် မပြသဘဲ အသင်းမှာပဲ ဆက်နေမယ့် သဘောတွေကို အဝတ်လဲခန်းတွင်းမှာ ထုတ်ပြောထားပါတယ်။
လီဗာပူးအသင်းဘက်က အားကစားဒါရိုက်တာ ရာထူးအတွက် ပလန်တွေ ချနေဆဲဖြစ်ပြီး လက်တလောမှာတော့ ရှမတ်ကီကို လူမြင်ကွင်းမှာ ဆက်ထားဦးမှာပါ။
ပြင်သစ် သတင်းဌာန L’ÉQUIPE ကတော့ ၂၀၂၄ မှာ လီဗာပူးအသင်း အမ်ဘာပေးကို ခေါ်ယူဖို့က ဖြစ်နိုင်ချေ ရှိနေဆဲလို့ ဆိုပါတယ်။ ဆာလာနဲ့ ဆော်ဒီ သတင်းတွေ ကျယ်ပြန့်နေချိန် ပြင်သစ်ဘက်က အခုလို ဖော်ပြနေတာပါ။
နယူးကာဆယ်ကို အဝေးကွင်းမှာ ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း ဒါဝင် သွင်းတဲ့ ဒုတိယမြောက်ဂိုးဟာ ဩဂုတ်လအတွက် Liverpool’s Goal of the Month အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ဘယ်ခြမ်း ခံစစ်နေရာ လီဗာပူးအသင်းဘက်က လူသစ် ရှာနေခဲ့ပေမယ့် ရော်ဘတ်ဆန်ဟာ အဆိုပါ နေရာမှာ ပြန်ပြီး တောက်ပလာဦးမယ်လို့ ယုံကြည်ခံရမှုတွေ မြင့်တက်လာပါတယ်။
ဘာစီလိုနာကို အငှားဖြင့် ရောက်ရှိနေတဲ့ အေတီကို တိုက်စစ်သမား ဖီလစ်က အပြောင်းအရွှေ့အတွင်း လီဗာပူးထံက ကမ်းလှမ်းမှု မရခဲ့ပါဘူးလို့ ထုတ်ပြောသွားပါတယ်။
အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ Musialowski ရဲ့ TSV Hartberg အသင်းထံ ပြောင်းရေး ပျက်ပြယ်ခဲ့ရခြင်းဟာ လီဗာပူးဘက်က ပြောင်းရွှေ့ကြေး တောင်းဆိုခြင်းကြောင့်လို့ သိရပါတယ်။