

စကိုင်းစပေါ့ဟာ ကွင်းလယ်ဒိုင် Brooks နဲ့ VAR ဒိုင် Stuart Attwell တို့ ဗန်ဒိုက် ဖြစ်ရပ်မှာ ဘာပြောနေကြလဲဆိုတဲ့ မိုက်ခရိုဖုန်း အသံကို ချပြလာခဲ့ပါပြီ။ ပရီးမီးယားလိဂ်ဟာ အခုလိုပဲ ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်ကြား အဆုံးအဖြတ် အခိုက်အတန့်တွေအတွက် စကားပြောမှုကို လူမြင်ကွင်းထံ ချပြဖို့ စီစဉ်ထားပြီ ဖြစ်ပါတယ်။
ဗန်ဒိုက် ဖောင်းလုပ်ခဲ့တာဟာ တိုက်စစ်သမား ဘောလုံးရထားတဲ့ အခြေအနေ (APP) ဖြစ်ပါတယ်။ အိုင်ဆက် လူကျွံနေသလားကို စစ်ဆေးခဲ့ကြကာ ဗန်ဒိုက်ရဲ့ လုပ်ရပ်ဟာ သိသာတဲ့ သွင်းဂိုး အခွင့်အရေးကို တားဆီးမှု (DOGSO) အဖြစ် ဒိုင်တွေက ပြောဆိုခဲ့ကြပါတယ်။
မူရင်း ဗီဒီယိုဟာ စကိုင်းစပေါ့ သီးသန့်ဖြစ်တာကြောင့် ပြန်ထုတ်ပေးလို့ မရတာမို့ သူတို့ ပြောခဲ့တဲ့ စကားတွေကိုပဲ စာသားဖြင့် ပြန်ထုတ်ပေးလိုက်ပါတယ်။
VAR: APP အခြေအနေနော် လူကျွံတာဖြစ်နိုင်တယ်၊ DOGSO ဖြစ်နိုင်တယ်။
Ref: အပြင်ဘက်မှာ ဖြစ်ခဲ့တာ၊ အပြင်ဘက်မှာ၊ ဒါ အနီကဒ်ပဲ။ ကျော်ဖြတ်ဖို့ ကြိုးစားနေတာ၊ ကျော်ဖြတ်ဖို့ ကြိုးစားတာ။ ဒါ အနီကဒ်ပဲ။
VAR: ခဏလေး၊ ခဏလေး။ စစ်ဦးမယ်။
Ref: မဟုတ်ဘူး။ သူကျော်ဖြတ်ဖို့ ကြိုးစားနေတာ၊ ဘောလုံးကစားနေတဲ့ တစ်ယောက်က ကျော်ဖြတ်ဖို့ ကြိုးစားနေတာ။
VAR: အိုကေ၊ ဗီဒီယို ပြောင်းလို့ရသေးလား? သူတို့ ထိတွေ့မှုအတွက် နောက်ထပ် ရှုထောင့်ရှိရင် ပြပါဦးလား?
Ref: သူကျော်ဖြတ်ဖို့ ကြိုးစားနေတာနော်။ ဒါ အပြင်ဘက်မှာ။
VAR: အိုကေ ဒါဖောင်းလုပ်လိုက်တာ ရှင်းတယ်။ APP အတွက် အခြေအနေကို တစ်ချက်စစ်မယ်၊ ရယ်ဒီ လုပ်ထား။
Ref (ကစားသမားတွေကို ရယ်ရွယ်ပြီး): VAR စစ်နေတယ်။ သူ ဧရိယာထဲ မရောက်သေးဘူး၊ ဝင်ဖို့ကြိုးစားနေတာ၊ သူတို့ စစ်နေတယ်။
VAR: ဘောလုံးက သူ့ရှေ့ကနေ ဖြတ်သွားတာ၊ စိန်ခေါ်မှုလုပ်လိုက်ချိန် တိုက်စစ်သမားက နေရာကောင်းမှာရှိနေတယ်။ သူက ပင်နယ်တီ ဧရိယာထဲ တိုးဝင်နေတာ။ APP ကို ထပ်စစ်နေတယ်၊ ရယ်ဒီလုပ်ထားပါ။
Ref (ဗန်ဒိုက်ကိုပြော): ခဏစောင့်ဦး၊ မင်းထွက်သွားရမယ်လို့ ပြောရင် ကွင်းထဲက ချက်ခြင်းထွက်ပေးပါ။
VAR: ရှေ့က တိုက်စစ်သမား နှစ်ဦးကို ဘောလုံးပေးလိုက်တာက လူကျွံတာဖြစ်နိုင်သေးတယ်။ အနီးနားက ခံစစ်သမားတွေနဲ့ လိုင်းဆွဲကြည့်ဖို့လိုတယ်။ ခြေဖနှောင့်တွေကို စစ်ကြည့်ပါ။
Ref (ဗန်ဒိုက်ကိုပြော): ခဏစောင့်ပါ၊ ဒီဖြစ်ရပ်က ဖောင်းဆိုတာ ရှင်းတယ်။ သူတို့ အနေအထားကို ကြည့်နေတယ်။ ဒါက ဖောင်းဘောပဲ။ မိုက်ရူးရဲဆန်ဆန်တွေ လာမလုပ်နဲ့။
VAR: အိုကေ စစ်ပြီးပြီး အတည်ပြုတယ်။ မာတစ်ရဲ့ ခြေဖနှောင့်ကို စစ်ပါ။ ဗန်ဒိုက်ရဲ့ အနေအထားကို စစ်ပါ။
Assistant VAR: ကစားကွက် တည်ဆောက်မှုမှာ လူကျွံနေလား စစ်ကြဦးမယ်နော်။
Ref: အိုကေ၊ အိုကေ။
Ref (ဗန်ဒိုက်ကိုပြော): နားထောင်နော်၊ လူကျွံဘော မဟုတ်ဘူးဆိုတာနဲ့ မင်းကွင်းထဲက ထွက်သွားရမယ်။ အနေအထားက ကပ်သီးလေးပဲ။ ဟုတ်ပြီနော်။
VAR: လူမကျွံဘူး။ သူ စည်းတွင်းပဲရှိတယ်။ အခြေအနေ အားလုံး စစ်ပြီးပါပြီ။
Ref (ဗန်ဒိုက်ကိုပြော): ဖရီးကစ်။ မင်း ကွင်းထဲက ထွက်သွားဖို့လိုပြီး။ လူမကျွံဘူး။
Van Dijk (ဒိုင်လူကြီးကိုပြော): ေ-ာက်ဟာသကြီးပဲကွာ။