

ဒီနွေမှာ လီဗာပူးအသင်းက ဖလူမီနက်စ် ကွင်းလယ်လူ အန်ဒရီအတွက် တရားဝင် ချိတ်ဆက်မှု ပြုလုပ်ခဲ့ကြောင်း ကလပ် ဥက္ကဋ္ဌက အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့်လို့ ၎င်းကပဲ အန်ဒရီကို ခေါ်ယူလိုရင် စောင့်ဆိုင်းဖို့ အကြောင်းပြန်ခဲ့ပါတယ်။
ယာဂင်ကလော့ပ်ရဲ့ နွေစျေးကွက်အတွင်း ကွင်းလယ် ပြန်တည်ဆောက်မှု အစိတ်အပိုင်း အဖြစ် ဘရာဇီး ကွင်းလယ်လူကို ဦးစားပေး ပစ်မှတ်ထဲ ထည့်ခဲ့တာပါ။ ဆောက်သမ်တန်ကနေ လာဗီယာကို ခေါ်ယူဖို့ ညိနှိုင်းနေချိန်မှာပဲ အန်ဒရီအတွက် ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ ဘရာဇီးကလပ်က စီးရီးအေဖလားနဲ့ Copa Libertadores အတွက် ပြိုင်ဆိုင်မှုမှာ ဆက်လက် တွန်းအားပေးလိုတာကြောင့် အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူကို ရောင်းထုတ်ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အန်ဒရီကို ထပ်မံ ကြိုးစားရအောင်ကလည်း ဘရာဇီးကလပ်ဟာ တောင်အမေရိက ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်သွားတာက လီဗာပူးကို ခက်ခဲစေခဲ့ပါတယ်။
အန်ဒရီအတွက် ဖလူမီနက်စ် ဥက္ကဋ္ဌနဲ့ လီဗာပူး စီအီးအို ဘီလီဟိုဂန်တို့ ပြောဆိုခဲ့စဉ်မှာ ဥက္ကဋ္ဌဖြစ်သူက ဇန်နဝါရီ အပြောင်းအရွှေ့မှ ပြန်ပြီး စကားပြောဖို့ ဒါမှမဟုတ်ရင်လည်း ဒီဇင်ဘာမှာ အန်ဒရီကိစ္စ စကားပြောဖို့ တုန့်ပြန်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ သီယေဂို နေရာ အန်ဒရီဖြင့် အစားထိုးလိုပေမယ့် မကြာခင် ဗဟိုခံစစ်မှူးပိုင်းကိုလည်း သတိပြုရပါတော့မယ်။ ကွင်းလယ်ထက် ခံစစ်ကို ပိုမို ဦးစားပေးမလား စောင့်ကြည့်ရမှာ ဖြစ်ကာ ကလပ်မှာ non-homegrown ကစားသမားနေရာ ပြည့်နေခဲ့ပြီ ဖြစ်ပါတယ်။