ဒီနွေမှာ လီဗာပူးအသင်း မအောင်မြင်ခဲ့တဲ့ သန်း ၁၀၀ တန် ခေါ်ယူမှု (၃) ခု

ဒီနွေစျေးကွက်အတွင်း လီဗာပူးအသင်းဟာ ကိုင်ဆီဒိုကို ပေါင် ၁၁၁ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။

ဒါပေမယ့်လို့ စျေးကွက်ပိတ်အပြီး ‘မဖြစ်မြောက်ခဲ့တဲ့ ထိပ်သီး အပြောင်းအရွှေ့ ကိစ္စများ’ စာရင်းတွေ ဖော်ပြရာမှာ လီဗာပူး မအောင်မြင်ခဲ့တဲ့ တန်ကြေးကြီး ခေါ်ယူမှု အချို့ရှိနေကြောင်း သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။

ဖီးလစ်

လီဗာပူးနဲ့ အက်သလက်တီကိုကြားမှာ ဒါဝင်နဲ့ ဖီးလစ်တို့ကို အလဲအထပ် ပြုလုပ်ဖို့ စကားပြောမှု ရှိခဲ့ကြတယ်လို့ သိရပါတယ်။ လီဗာပူးက ဒါဝင်ကို ကလပ်စံချိန်တင်ကြေး ပေါင် ၈၅ သန်းဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သလို ဖီလစ်ကလည်း အက်သလက်တီကိုထံ စံချိန်တင်ကြေး ပေါင် ၁၁၃ သန်းဖြင့် ရောက်ရှိခဲ့သူပါ။ နည်းပြဆီမြွန်နီရဲ့ ယုံကြည်မှုကို မရတော့တဲ့ ဖီလစ်ဟာ ဒီနွေမှာပဲ ဘာစီလိုနာထံ ပြောင်းရွှေ့ခဲ့ပါတယ်။

ချူအာမီနီ

လီဗာပူးအသင်းဟာ ဒီနွေမှာပဲ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ချူအာမီနီကို ခေါ်ယူနိုင်ရေး လာလီဂါကလပ်ထံ ချဉ်းကပ်မှုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရီးရဲလ်ကတော့ ပြင်သစ်သား ကွင်းလယ်လူကို ထွက်ခွင့် မပေးဘဲ သူတို့ရဲ့ အဓိက ကစားသမားအဖြစ် ဆက်ထိန်းသွားခဲ့ပါတယ်။

ဂွီးမားရက်စ်

လီဗာပူးအသင်းဟာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနိုကို ဒီနွေမှာ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ လီဗာပူးဘက်က ပေါင် သန်း ၁၀၀ ဝန်းကျင်ထိ စျေးပေးခဲ့ပေမယ့် နယူးကာဆယ်က သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို ရောင်းချပေးလိုခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

အခြား ချိတ်ဆက်မှုများ

လီဗာပူးအသင်းဟာ နွေတုန်းက ဘရာဇီး ကွင်းလယ်လူ အန်ဒရီ၊ ဒိန်းမတ် ကွင်းလယ်လူ လင်းစတုမ်းနဲ့ ချယ်ဆီးခံစစ်မှူး လီဗီ ကိုးဝဲလ်တို့ကိုလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။