သူနဲ့ ဂျရတ်ကြားမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ မေးခွန်းကို ပေါစခိုး ဖြေ

ပရီးမီးယားလိဂ်ခေတ်မှာ ဂျရတ်နဲ့ စခိုးကြား ဘယ်သူ အကောင်းဆုံးလဲ ဆိုတာဟာ အခုထိ အငြင်းပွားကြဆဲ မေးခွန်းတစ်ခု ဖြစ်ပါတယ်။

ခေတ်ပြိုင်အဖြစ် ပေါ်ထွက်လာကြသူ နှစ်ဦးထဲဟာ မတူညီတဲ့ ဂုဏ်ပုဒ်တွေဖြင့် လေးစားခံ ပရိသတ်များစွာ ရှိကြပါတယ်။ စတီဗင်ဂျရတ်ကတော့ သူ့ရဲ့ အောင်နိုင်လိုစိတ်ဖြင့် ပေါက်ကွဲကစားမှုအပြင် ဦးဆောင်နိုင်စွမ်းတွေကြောင့် လီဗာပူးပရိသတ်တွေရဲ့ အသဲကျော် ဖြတ်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်း နှစ်ဦးထဲမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတာအတွက် တိုက်ရိုက်မေးခံရချိန် ပေါစခိုးက လီဗာပူးမှာ ဂျရတ်လုပ်ပြခဲ့သလို သူဆိုရင်တော့ မလုပ်ပြနိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

“ ဒီမေးခွန်းကို ကျနော် မဖြေပေးနိုင်ပါဘူး၊ ဂျရတ်က ကစားသမားကောင်း တစ်ယောက်ပါ ” လို့ ပေါစခိုးက ရယ်ရယ်မောမော ပြောပါတယ်။

“ ကျနော် ကိုယ်ဘာသာ အကောင်းဆုံးလို့ မပြောနိုင်ပါဘူး။ ကျနော်တို့ နှစ်ယောက်က ကစားပုံ ကွာပါတယ်၊ အရမ်း ကွာခြားပါတယ်။ ဂျရတ်က အားကစားသမား တစ်ဦး၊ သူက ပွဲအောင်နိုင်သူ တစ်ဦးပါ။ သူက သူရှိနေသင့်တဲ့ အသင်းမှာ ရှိနေခဲ့သူပါ။

ကျနော်က အသင်းတစ်သင်းရဲ့ အစိတ်အပိုင်း ပိုဆန်သလို၊ ဂျရတ်က တစ်ဦးချင်း ပိုကစားသူဖြစ်တယ်။ ဒီလိုပဲ ကျနော် မြင်မိတယ်။

ဂျရတ် လီဗာပူးမှာ လုပ်ပြခဲ့တာမျိုး ကျနော် မလုပ်နိုင်ပါဘူး။ ကျနော် မန်ယူနိုက်တက်မှာ လုပ်ခဲ့သလိုကော သူလုပ်ပြနိုင်မလား ကျနော် မသိဘူး။ မလုပ်နိုင်ဘူးလို့တော့ မထင်မိဘူး။ သူ လီဗာပူးမှာ လုပ်ပြခဲ့သလိုတော့ ကျနော် မလုပ်နိုင်တာ သေချာပါတယ် ” လို့ သရဲနီဟောင်းက ဆိုပါတယ်။

ဘာလိုပဲဖြစ်ဖြစ် ဒီကစားသမား နှစ်ဦးဟာ အင်္ဂလန်ဘောလုံးလောကမှာတော့ လွှမ်းမိုးမှုကြီးတဲ့ ကွင်းလယ်လူတွေအဖြစ် အမြဲတမ်း မှတ်တမ်းဝင်နေကြမှာပဲ ဖြစ်ပါတယ်။