

ဗန်ဒိုက်ကတော့ အက်ဖ်အေရဲ့ ထပ်တိုး တစ်ပွဲပယ်နဲ့ ဒဏ်ကြေး ပေါင် ၁ သိန်း ဒဏ်တပ်မှုကို လက်ခံပါကြောင်းနဲ့ သူ့ရဲ့ လီဗာပူး ကစားသမားဘဝ ပထမဆုံး အနီကဒ်အတွက် တုန့်ပြန်ခဲ့မိတာဖြစ်ကာ အဆိုပါပွဲအပြီးမှာပဲ ပွဲနေ့ တာဝန်ရှိသူတွေကို ချက်ခြင်း တောင်းပန်ခဲ့ပါတယ်လို့ ထုတ်ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ဘယ်အစွန်လူ ကိုစတက်ကို ၂၀၂၇ ထိ ဆက်ရှိနေမယ့် ကာလရှည် စာချုပ်သစ် ပေးသွားတော့မှာပါ။
ဆိုဘိုစလိုင်နဲ့ မက်ကယ်လစ္စတာတို့ဟာ စျေးကွက်တန်ကြေး ပေါင် ၁၃၇ သန်း ရှိတာဖြစ်ပြီး လီဗာပူးအသင်းဟာ တကယ်ပေးရမှာထက် ပေါင် ၄၂ သန်း သက်သာခဲ့တာပါလို့ Football Observatory က ဖော်ထုတ်ပါတယ်။
ပရိသတ်တွေကြားမှာ အချစ်ခံရသလို လီဗာပူးအသင်းသား ဖြစ်လာပေမယ့် နာမည်ကျော်ဖို့ထက် ကွင်းထဲမှာ အသင်းအတွက် ကြိုးစားပေးလေ့ရှိတဲ့ အရင် ဆိုဘိုစလိုင် ပုံစံကိုပဲ ဆက်ထိန်းမှာပါလို့ ဟန်ဂေရီထံ ပြန်လည် ပူးပေါင်းစဉ် ကွင်းလယ်လူက ဆိုပါတယ်။
ရှက်စရာ အပြောင်းအရွှေ့ အခြေအနေကို ကျော်ဖြတ်ခဲ့ရပြီးနောက် ဆာလာကို ဆက်ထိန်းနိုင်ခြင်းဟာ လီဗာပူးရဲ့ အစကောင်းနေတဲ့ ဘောလုံးရာသီကို အားတက်စေမှု တစ်ခု ဖြစ်လာစေခဲ့တယ်လို့ မှတ်ချက်ရနေပါတယ်။
လီဗာပူးနည်းပြအဖွဲ့ဟာ ဂရာဗင်ဘက်ချ်ကို ကွင်းလယ် နံပါတ် ၆ နေရာကနေ စသုံးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လို့ အန်ဒိုလို နံပါတ် ၆ သမား စစ်စစ် ပုံစံတော့ သုံးမှာ မဟုတ်ပါဘူး။
ကွင်းလယ်လူ ဘာ့ဆီတစ်ဟာ ဘောလုံးပြန်ကစားဖို့ အဆင်သင့်ဖြစ်နေကာ လီဗာပူးမှာ ပွဲထွက်ခွင့်အတွက် စတင် တိုက်ပွဲဝင်မှာ ဖြစ်ပါတယ်။
ဒီနွေမှာ လက်စတာအသင်းကနေ လီဗာပူး ခေါ်ယူထားတဲ့ ကွင်းလယ်လူ နိုင်ယွန်နီဟာ လူငယ်အသင်းမှာ ဟက်ထရစ် စသွင်းသွားပါတယ်။