

Al-Ittihad အသင်းဟာ ဆာလာကို ခေါ်ယူနိုင်ရေး ပေါင် သန်း ၁၅၀ ထိ ပေးခဲ့ပေမယ့် လီဗာပူးထံက ငြင်းပယ်ခံခဲ့ရပါတယ်။
ဒါပေမယ့်လို့ ဆော်ဒီပရိုလိဂ် အကြီးအကဲ Michael Emenalo က ၎င်းတို့ဟာ ဇန်နဝါရီမှာ ဆာလာအတွက် ပြန်လာဦးမယ်လို့ ထုတ်ပြောလာခဲ့တယ်။ ဒီကာလတွေအတွင်း ဆာလာက လီဗာပူးကစားသမား အဖြစ် ဆက်ရှိနေမယ် ဆိုပေမယ့် ဆော်ဒီကလပ်က သူ့ကို ခေါ်ယူဖို့ လက်မလျော့သေးပါဘူး။
ဆော်ဒီဘောလုံးလောကရဲ့ အပြောင်းအရွှေ့တိုင်းကို တာဝန်ယူပေးနေတဲ့ ဘောလုံးဒါရိုက်တာ Michael Emenalo ကတော့
“ အရေးကြီးဆုံးက ဆာလာဟာ ကမ္ဘာအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်။ နောက်ကွယ်မှာကော လူသိထင်ရှားပါ ပြောထားတာက ကျနော်တို့ဟာ ဆော်ဒီလိဂ်ထံ ပြောင်းလာလိုတဲ့ ကစားသမားတိုင်းကို ကြိုဆိုတယ်။ အဲ့ထဲမှာ ဆာလာလည်း ပါပါတယ်။
ဒါပေမယ့် ကျနော်တို့ ကိစ္စတိုင်းကို ပရော်ဖက်ရှင်နယ်ကျကျ၊ လေးစားမှုရှိရှိပဲ လုပ်ပါမယ်။ ဒါက ကျနော်တို့ ဆော်ဒီလိဂ် ကိုင်စွဲသွားမယ့် အမူအကျင့်နဲ့ နည်းလမ်းပါပဲ။
အပြောင်းအရွှေ့ မဖြစ်တာနဲ့ ကျနော်တို့က ကစားသမားအပေါ် စိတ်ဝင်စားမှု မရှိတော့တာ မဟုတ်ပါဘူး။ လီဗာပူးနဲ့ ပြဿနာတွေရှိနေတာ မဟုတ်ပါဘူး။ ဒီအပြောင်းအရွှေ့ မဖြစ်လို့ ဘယ်သူကမှ ဒေါသမထွက်ပါဘူး။ ကျနော်တို့ ဆက်ကြိုးစားမှာပါ။
အပြောင်းအရွှေ့ လုံးဝ ပိတ်သွားတာ မဟုတ်ပါဘူး။ အခွင့်အရေးရလာတာနဲ့ ကျနော်တို့ မိုဆာလာကို ဆော်ဒီလိဂ်ထံ ခေါ်ယူဖို့ ကြိုးစားမှာပါ။ အဲ့လို ကြိုးစားဖို့ကိုလည်း ဝမ်းမြောက်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
ဆာလာဟာ လီဗာပူးအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်သက်တမ်းရှိပြီး သူ့ရဲ့ စာချုပ် နောက်ဆုံးနှစ်အကုန်မှာ အသက် ၃၃ နှစ်အရွယ် ရှိနေမယ့် တိုက်စစ်သမားကို စာချုပ်သစ်တော့ ထပ်ပေးဖွယ် မရှိတာ ဖြစ်ပါတယ်။