

ဒီရာသီမှာ ခြေစွမ်းပိုင်း တိုးတက်လာနေတဲ့ ဒါဝင် နူးညက်စ်ဟာ ဥရုဂွေးအသင်းက ချီလီအသင်းကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပထမဆုံး ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကာ ဘီရယ်ဆာရဲ့ အသင်းဟာ နိုင်ပွဲ စတင်ရရှိခဲ့တာပါ။ အဆိုပါပွဲမှာ ပထမဂိုးနဲ့ တတိယဂိုးတွေအတွက် ဂိုးထောက်ပံ့မှုကို ဒါဝင်က လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ကိုယ်တိုင် ဂိုးမသွင်းနိုင်ပေမယ့် တိုက်စစ်မှာ အတော်လေး အရေးပါခဲ့တဲ့ ဒါဝင်က ပွဲအပြီးမှာတော့ ” တခါတလေ ဘောလုံး မဝင်တာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့်လို့ အရေးကြီးဆုံးက ၃ မှတ်ရဖို့ပဲဆိုတာ အားလုံးလည်း ဝန်ခံကြမှာပါ ” ဆိုပြီး ပြောဆိုခဲ့တာပါ။
ဥရုဂွေး မီဒီယာတွေကတော့ ဘီရယ်ဆာလက်ထက် ပထမဆုံးသော ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွင်း မြင်ခဲ့ရတဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးနေခဲ့ကြတယ်။ ၎င်းတို့ကတော့ တိုက်စစ်မှာ ဆွာရက်စ်နဲ့ ကာဗာနီတို့ မပါတော့ပေမယ့် ဒါဝင်ရဲ့ လုပ်ပြနိုင်စွမ်းကိုလည်း ချီးကျူးကြပါတယ်။
Nunez takes a touch & drags this wide last season, this is a different player completely.
I am so so excited pic.twitter.com/qysMKhg9r2
— The Kop Watch (@TheKopWatch) September 9, 2023
ESPN Uruguay ကဆိုရင် ” အင်္ဂလန်ကလပ် လီဗာပူးအသင်း တိုက်စစ်မှူးဟာ ဗယ်ဗာဒီ၊ အူဂါတီနဲ့ ဒီလာခရုစ်တို့နဲ့အတူ ဥရုဂွေးအသင်းအတွက် စွမ်းဆောင်ရည် ကောင်းပြသခဲ့ပါတယ်။
ဂိုးမရပေမယ့် ဒါဝင်က ပွဲကောင်း ကစားခဲ့တယ်။ သူ ဂိုးသွင်းဖို့ လွဲခဲ့ပေမယ့် အသင်းလိုက် ကစားသမားအဖြစ် တောက်ပခဲ့ပါတယ်။ ဂိုးထောက်ပံ့မှုတွေလည်း လုပ်ပေးနိုင်ခဲ့ပါတယ် ” လို့ ချီးကျူးခဲ့ပါတယ်။
ဒါဝင်ဟာ ဂိုးကန်ချက် ၁၈ ကြိမ် ရခဲ့တဲ့ ဥရုဂွေးအသင်းမှာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုကြောင့် ပြိုင်ဘက်တွေ ထိန်းချုပ်လို့မရအောင် ဖြစ်ခဲ့တယ်လို့ တင်စားခံခဲ့ရပါသေးတယ်။