

ဂျာမနီအသင်းဟာ ၂၀၂၄ ယူရိုမှာ လက်ရွေးစင်အသင်းကို ယာဂင်ကလော့ပ် ကိုင်တွယ်ပေးအောင် လီဗာပူးကိုပါ တွဲကိုင်ခွင့်ပေးပြီး လက်ရွေးစင်နဲ့ ကလပ် နှစ်ခုလုံး နည်းပြခွင့်နဲ့ စည်းရုံးဖို့ စဉ်းစားနေပါတယ်။
ဒီရာသီမှာ ကလပ်နဲ့ လက်ရွေးစင် အသင်းအတွက် ဒါဝင်ဟာ ကိုယ်တိုင် ၂ ဂိုး သွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ်ထိ လုပ်ထားနိုင်ပါပြီ။
ကွင်းလယ်လူ ဘာ့ဆီတစ်ဟာ ၆ လအတွင်း ပထမဆုံးအကြိမ် ဘောလုံး ပြန်ကစားမှုအဖြစ် စပိန် ယူ-၂၁ အသင်းအတွက် ၂၅ မိနစ်ကြာ လူစားဝင် ကစားခွင့်ရခဲ့ပါတယ်။
ကိုနတေးက ပဲရစ်မှာ တစ်ကိုယ်ရည် ကြံ့ခိုင်မှုပိုင်း လေ့ကျင့်နေပြီး လာမယ့်အပတ် ဝုဗ်ပွဲမှာ ပြန်ပြီး ပွဲထွက်နိုင်မယ် မျှော်လင့်ရပါတယ်။
နိုင်ငံတကာ သီတင်းပတ်အတွင်း အားလပ်ရက်မှာ ယာဂင်ကလော့ပ်က ဂျာမနီက အသင်းဟောင်း မိန့်ထံ ပြန်သွားခဲ့ရာ အသင်းပရိသတ်တွေက တခဲနက် ကြိုဆိုခဲ့ကြပါတယ်။
ဂျပန်အသင်းက ဂျာမနီအသင်းကို ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဝါတာရု အန်ဒိုဟာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူပြီး အထူးခြေစွမ်းပြ ကစားခဲ့ပါတယ်။
Wataru Endō vs Germany.
This is just the beginning.
[@1947production]pic.twitter.com/Ci6APVjZlI
— Watch LFC (@Watch_LFC) September 9, 2023
လက်ရှိ လီဗာပူးအသင်းမှာ အားအနည်ဆုံးဟာ ဗဟိုခံစစ်ဖြစ်နေပြီး ဂျိုးဂိုးမက်စ်ရဲ့ ခြေစွမ်း ပြီးခဲ့တဲ့ ၂ ပွဲတုန်းကလို တည်ငြိမ်နေမယ်ဆိုရင် ရာသီကုန်မှာ အသင်းဟာ တစ်ခုခု အောင်မြင်နိုင်တယ်လို့ ပရိသတ်တွေဘက်က ထင်ကြေးပေးနေပါတယ်။
တိုက်စစ်ပိုင်းအတွက် လီဗာပူးအသင်းက ဘရိုက်တန် တိုက်စစ်သမား မီတိုမာကို စောင့်ကြည့်မှုထဲ ထည့်ထားတယ်လို့ သိရပါတယ်။ မန်စီးတီးနဲ့ နာပိုလီတို့ကလည်း မီတိုမာကို သဘောကျနေပါတယ်။