လီဗာပူးရဲ့ ကြိုးစားမှုတွေကြောင့် ဂီးမာရက်စ်ကို release clause ပါ စာချုပ်သစ် ပေးဖို့ အားထုတ်နေတဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ ကွင်းလယ်လူ ဂီးမားရက်စ်ကို လီဗာပူးဘက်က စိတ်ဝင်စားနေမှုအား ဖယ်ထုတ်နိုင်ရေး စာချုပ်သစ်ပေးနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

နယူးကာဆယ်နဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တို့ဟာ စာချုပ်သစ်ကိစ္စ ညိနှိုင်း စကားပြောနေတာ လအတန်ကြာနေပြီဖြစ်ကာ ဒီအပတ်ထဲမှာ တိုးတက်မှုတွေ ရှိလာခဲ့ပါပြီ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက် ၂ ခုမှာ လီဗာပူးအသင်းဟာ ဂီးမာရက်စ်ကို ခေါ်ယူမလားအတွက် နယူးကာဆယ်အသင်းထံ စုံစမ်းမှု ပြုလုပ်ခဲ့ပါတယ်။ နယူးကာဆယ်ဘက်က ကွင်းလယ်လူဟာ ရောင်းရန်မဟုတ်ကြောင်း အကြောင်းပြန်စာ ပေးပို့ခဲ့တယ်။

၂၀၂၂ မှာ ဇန်နဝါရီမှာ လိုင်ယွန်ကနေ ပရီးမီးယားလိဂ်ကို ပြောင်းလာတဲ့ အသက် ၂၅ နှစ်အရွယ် ဘရာဇီးသားအတွက် နယူးကာဆယ်တို့ ပေါင် ၄၃ သန်း အကုန်အကျခံထားရတာ ဖြစ်ပါတယ်။

လာမယ့် စျေးကွက်တွေမှာပါ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ စာချုပ်ထဲမှာ အသင်းပြောင်းလိုရင် ပေးရမယ့် ပြောင်းရွှေ့ကြေး တစ်ရပ်ကို ထည့်သွင်းရေး ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒီကာကွယ်မှုဟာ ဆော်ဒီလိဂ်ရဲ့ သွေးဆောင်မှုအတွက်ပါ ရည်ရွယ်တယ်လို့ သိရတယ်။

နှစ်ဘက်ကြား စာချုပ်ပါကြေး သဘောတူညီမှုရခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ မပေးပါဘဲ ဂီးမာရက်စ်ကို ခေါ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။ နယူးကာဆယ်ဘက်က ကွင်းလယ်လူကို ကလပ်စံချိန်တင် လုပ်ခအဖြစ် တစ်ပတ် ပေါင် ၁၂၀၀၀၀ ထိပေးသွားမယ်လို့လည်း သိရပါတယ်။