ဂျာမနီဘက်က စိတ်ဝင်စားမှု၊ ကလော့ပ်နေရာ ဘယ်သူက အကောင်းဆုံး အစားထိုးမှု ဖြစ်မလဲ ထောက်ပြမှုနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဂျာမနီတို့ ဂျပန်ကို ၄-၁ ဖြင့် အရေးနိမ့်တဲ့နောက် ဂျာမနီအသင်းဟာ နည်းပြဟန်ဇီ ဖီလစ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါပြီ။ ၎င်းတို့ဟာ နည်းပြသစ်အဖြစ် ယာဂင်ကလော့ပ်ကို သဘောကျမှု ရှိပါတယ်။

ယာဂင်ကလော့ပ်ဟာ လက်ရွေးစင်အသင်းကို ကိုင်တွယ်လိုပေမယ့် ၂၀၂၆ မှာ သူ့ရဲ့ လီဗာပူးစာချုပ် ကုန်ဆုံးပြီးမှ ဖြစ်လိမ့်မယ်လို့ လီဗာပူး သတင်းထောက်တွေက ယုံကြည်နေပါတယ်။

ဂက်ပိုဟာ နိုင်ငံတကာ သီတင်းပတ်မှာ နယ်သာလန်အတွက် ၂ ပွဲ ကစားပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အခုချိန်မှာ ကလော့ပ် ထွက်သွားရင် သူ့နေရာ ဘယ်သူနဲ့ ချက်ခြင်း ပြန်အစားထိုးသင့်လဲ မေးလာခဲ့ပါက လက်တွေ့ကျတဲ့ အဖြေအဖြစ် ဇာဗီ အလွန်ဆိုလို့ ဖြေမိမှာဖြစ်ကြောင်း ကွင်းလယ်လူဟောင်း မက်အတီက ထုတ်ပြောပါတယ်။

ဟန်ဂေရီနဲ့ ချက်တို့ ၁-၁ သရေကျတဲ့ပွဲမှာ ဆိုဘိုစလိုင်ရဲ့ ကိုယ်ပိုင် ဧရိယာထဲကနေ ပြိုင် ဧရိယာတဝိုက်ထိ ကိုက် ၇၀ အကွာကို အဝေးဘောပေးနိုင်တဲ့ စွမ်းရည်ဟာ ပရိသတ်တွေကြား သဘောကျ ခံနေရပါတယ်။

စူပါကွန်ပြူတာကတော့ လီဗာပူးအသင်းဟာ ဒီရာသီ မန်စီးတီးနောက် ဒုတိယနေရာ ရပ်တည်ဖို့ အခွင့်အရေးများတယ်လို့ တွက်ချက်ပါတယ်။ မန်စီးတီးက ဖလားရနိုင်ခြေ ၉၀.၇% ရှိကာ လီဗာပူးကတော့ ဒုတိယ အများဆုံးအဖြစ် ၆.၂% ရထားတာပါ။

လီဗာပူးပိုင်ရှင်အဖွဲ့ FSG နဲ့ ကာတာအဖွဲ့ကြား စကားပြောနေမှုဟာ အဓိက ကိစ္စတွေ ဖြစ်လာအံ့ဆဲဆဲ အခြေအနေမျိုးထိ ကောင်းမွန်နေတာမျိုး မဟုတ်ဘူးလို့ မာဆေးဆိုဒ် အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် လီဗာပူးရဲ့ အိမ်ကွင်း ဂျာစီ ဒီဇိုင်းတစ်ခုဟာ တွစ်တာမှာ အတော်လေး ပျံ့နှံ့နေပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က NB ထုတ်ခဲ့တဲ့ ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။