

ဂျာမနီနည်းပြရာထူး လစ်လပ်နေပေမယ့် နည်းပြကလော့ပ်ဟာ လက်ရွေးစင်အသင်းကို တာဝန်ယူမှာ မဟုတ်ဘဲ လီဗာပူးမှာပဲ ဆက်ရှိနေမယ်လို့ စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။
ပေါ်တူဂီအသင်းက လုဇမ်ဘော့အသင်းကို ၉-၀ ဖြင့် ဂိုးပြတ် အနိုင်ရတဲ့ ယူရို ခြေစစ်ပွဲမှာ ဂျိုတာဟာ ကိုယ်တိုင် ၂ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်ပေးခဲ့ပါတယ်။
ထရန့်ဟာ ကစားသမားဘဝမှာ ဂိုးသမားကစ၊ ညာအစွန် အပါအဝင်၊ တိုက်စစ်သမားထိ နေရာအားလုံးအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့တဲ့ ဆိုတဲ့ အချက်အလက်ဟာ မှားယွင်းတဲ့ Fact တစ်ခုဖြစ်ပါကြောင်း လီဗာသတင်းထောက် Jack Lusby က ဆိုပါတယ်။
ယူ-၂၁ အဆင့် ယူရိုခြေစစ်ပွဲမှာ စကော်တလန်က စပိန်အသင်းကို ၁-၀ ဖြင့် အရေးနိမ့်ပေမယ့် တိုက်စစ်က ပွဲထွက်တဲ့ ဗန်ဒုတ်ရဲ့ ခြေစွမ်းဟာ အထင်ကြီးခံခဲ့ရပါတယ်။
လီဗာပူးနည်းပြအဖွဲ့ဟာ ထရန့် ကိုနေး-ဒိုဟာတီရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေတာကြောင့် စီနီယာအသင်းနဲ့ လာရောက် လေ့ကျင့်ခွင့် ပေးထားပါတယ်။
လီဗာပူးအသင်းဟာ ဝက်စ်ဟမ်း တိုက်စစ်သမား ဘိုဝင်ကို ကာလရှည် စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ အနာဂတ်မှာ အင်္ဂလန်သား တိုက်စစ်သမားကို ကမ်းလှမ်းမှု ပြုလုပ်မလားကတော့ စောင့်ကြည့်ရမှာပါ။
လီဗာပူးအသင်းဟာ ဒီနွေတုန်းက နယူးကာဆယ် ကွင်းလယ်လူ ဂီးမားရက်စ်ကို ပေါင် သန်း ၁၀၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာဖြစ်ကြောင်း ဗြိတိန် သတင်းထောက်တွေက ဖော်ပြလာခဲ့ပါတယ်။ ဒါက သန်း ၁၀၀ တန် ခေါ်ယူမှုတွေအတွက် လီဗာပူးအသင်း အဆင်သင့် ဖြစ်လာပြီလား မေးခွန်းမျိုး ထွက်လာစေပါတယ်။
အားကစားဒါရိုက်တာဟောင်း ဂျူလီယန်ဝတ်ဟာ ဩဂုတ်လ နောက်ဆုံးအပတ်လောက်က စပြီး လီဗာပူးအသင်းထံ ပြန်လာခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဂျူလီယန်ဝတ်ဟာ မေလကစပြီး သူ့တာဝန်တွေကနေ အနားယူထားခဲ့တာပါ။